၂၀၂၅ ခုနှစ်၊ နေပြည်တော် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ နေပြည်တော် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ မတ် ၁၉ နေပြည်တော် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းသားသမီးများအတွက် ရည်ရွယ် ဖွင့်လှစ်ထားသော နွေရာသီအားကစားသင်တန်းများဖြစ်သည့် (ဘောလုံး၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ရေကူး၊ ဝူရှူး) အားကစားနည်းများ သင်ကြားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နွေရာသီအားကစားသင်တန်းကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က ယနေ့နံနက်ပိုင်း တွင် သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ နွေရာသီအားကစားသင်တန်းများကို ၁၈-၃-၂၀၂၅ ရက်နေ့မှ ၅-၄-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ (TC-3) တိုက်ကွမ်ဒိုရုံတွင် တိုက်ကွမ်ဒိုသင်တန်းသားအင်အား ၁၇၀ ဦးခန့်ကို နည်းပြ ၃ ဦးတို့ကလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃) တွင် ဘောလုံးသင်တန်းသားအင်အား ၉၀ ဦးခန့်ကို နည်းပြ ၃ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများပြုလုပ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများပြုလုပ် နေပြည်တော်၊ မတ် ၁၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A နှင့် B) တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ ဖြစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးရာထူး (လစာနှုန်းကျပ် ၃၀၈၀၀၀-၄၀၀၀-၃၁၈၀၀၀)၊ ဦးစီးအရာရှိနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)၊ ရုံးအုပ်နှင့်အဆင့်တူ ရာထူး (လစာနှုန်းကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)၊ ဌာနခွဲစာရေးနှင့်အဆင့်တူရာထူး […]
မသန်စွမ်းလူငယ်များအတွက်ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

မသန်စွမ်းလူငယ်များအတွက်ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၁၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “ တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒ၊ […]
နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပ ၂ဝ၂၅ ခုနှစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပ ၂ဝ၂၅ ခုနှစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ နေပြည်တော် မတ် ၁၃ ၂၀၂၅ ခုနှစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပခဲ့ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမဏ္ဍပ်တွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများကဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ မတ် ၁၂ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ပတ္တနားမြို့ တွင်ကျင်းပပြုလုပ်မည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ/နည်းပြ၊ ဒိုင်နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် […]
မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ မတ် ၁၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် (Gold Camp)နှင့် (Youth Camp)တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိမြားပစ် လေ့ကျင့်ရေးကွင်း၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ပြည့်စုံနှင်းက ပထမ၊ ကောင်းခန့်မော်က ဒုတိယနှင့် သီဟထက်ဇော်က တတိယ၊ Compound တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ဇင်သူရိန်မှူးက ပထမ၊ အောင်ကိုဦးက ဒုတိယနှင့် စုစုလှိုင်က တတိယတို့ အသီးသီး ရရှိခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ […]
လေးနိုင်ငံ အမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ ချန်ပီယံ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဂုဏ်ပြုပွဲကျင်းပ

လေးနိုင်ငံ အမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ ချန်ပီယံ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဂုဏ်ပြုပွဲကျင်းပ ရန်ကုန်၊ မတ်လ(၉)ရက် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ နီပေါနိုင်ငံ၌ကျင်းပသည့် International Women’s Championship 2025 လေးနိုင်ငံအမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ ၉ ရက် မွန်းလွဲ ၃ နာရီခွဲက Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊အဖွဲ့ချုပ်အမှုဆောင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဂုဏ်ပြုပွဲတွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိအားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်း အားကစားသမားများကို တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိအားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်း အားကစားသမားများကို တွေ့ဆုံအမှာစကားပြောကြား ရန်ကုန်၊ မတ်လ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါ ၍ ယနေ့နံနက်(၀၉: ၀၀)နာရီအချိန်တွင်ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာ့သိုင်းသင်တန်းကျောင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြ၍ နွေရာသီအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ် နိုင်ရေးနှင့် မြန်မာ့သိုင်းအားကစားဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ရောက်ရှိပြီး ပရိသတ်(၄၅၀)ဆံ့ RC-2 နှစ်ထပ်ပွဲကြည့်စင် ဆောက်လုပ်ပြီးစီးမှု၊ ရေကူးကန်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပွဲကြည့်စင် စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ ရေကူး အားကစားသမားများ စိတ်ချမ်းမြေ့စွာကစားနိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေကူး […]
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၇ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အနာဂတ် ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခု […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်း တွင် လှည်းကူးမြို့နယ် ၊ လှည်းကူးအားကစားကွင်းသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆို ကြပြီး နွေရာသီဘောလုံး ၊ ပြေးခုန်ပစ် ၊ သိုင်းနှင့် ဘတ်စကက်ဘော အားကစားသင်တန်း တက်ရောက် နေသော သင်တန်းသား/သင်တန်းသူများ၊လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန် ၊ နည်းစနစ် မှန်ကန်စေရန် ၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြား၍ ဘောလုံးကွင်း၊ ပြေးခုန်ပစ် ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး […]