၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၊ စက်တင်ဘာလ (၁၇)ရက်
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေ (၁၅ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစား သမားများတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲယှဉ်ပြိုင်ကစား နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုများပေးအပ်ချီးမြှင့်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်+ ပြည့်ရတီဦး(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ခင်ခင်သန်း+လွင်ဇာဦး (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆုရရှိသော စုရတီ+ အေးမြတ်မွန်ဆွေ (ရန်ကုန်တိုင်း ဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ရတနာတည်ငြိမ် + နွဲ့ဒါလီမြင့်(မန္တလေးတိုင်းဒေသကြီး) တို့အား လည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးသူရက အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒါဝူး + ဖီဆာဆဲ (ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မြတ်နိုးအောင်+ ဝင်းမျိုးကျော်(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော အောင်ရတနာဖြိုး + သန့်ဇင်(ကချင်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော သီဟမျိုးဝင်း+ ဘုန်းဇော်ခန့် (စစ်ကိုင်းတိုင်း ဒေသကြီး) တို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် က အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဖီဆာဆဲ+ ပြည့်ရတီဦး (ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော စိုင်းဟံသာဝင်းခိုင်+ လွင်ဇာဦး(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသောထွန်းထွန်း+ ဇာခြည်ဝင်းထက်(ပဲခူးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော မြတ်နိုးအောင် + အေးမြတ်မွန်ဆွေ(ရန်ကုန်တိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူးက အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော စုရတီ (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသောခင်ခင်သန်း(ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲတတိယ ဆုရရှိသော မေမြတ်မွန်(ဧရာဝတီတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဒါဝူး (ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ဂွါဆာဆီ(ပဲခူးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော စိုင်းဟံသာဝင်းခိုင်(ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ဝင်းနိုင်လွင်(စစ်ကိုင်းတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်း၊ ပူးတွဲ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသော ချင်းပြည်နယ် အသင်း တို့အားတစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသော အေးအေးနွယ်(ပဲခူးတိုင်းဒေသကြီး)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသော ဒါဝူး(ပဲခူးတိုင်းဒေသကြီး)တို့အား Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း က အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြောင်းသိရှိရသည်။


