မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကွင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်
![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကွင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက် ထိုင်း၊ ဒီဇင်ဘာ ၆ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center သို့ သွားရောက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ကျင်းပရေးမှ တာဝန်ရှိသူများနှင့်အတူ ခြင်းလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပမည့် အားကစားရုံအတွင်းရှိ ပြိုင်ပွဲကွင်း ပြင်ဆင်ထားရှိမှုများ၊ အားကစားသမားများနားနေခန်း၊ အားကစားအဖွဲ့များအတွက် နေ့လည်စာ စားသောက်မည့်နေရာပြင်ဆင်ထားရှိမှုများ၊ VIP နားနေခန်းနှင့် အစည်းအဝေးခန်းမပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပြီး ခြင်းလုံးနှင့် […]
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
![]()
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ ပုသိမ်၊ ဒီဇင်ဘာ ၅ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အခမ်းအနားသို့တက်ရောက်လာသူကြသူများက အလေးပြုကြပြီးနောက် ကျောင်းသား/သူများက “လူငယ့်စွမ်းရည်”သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့” မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဖိုရမ်တွင် တက္ကသိုလ် / ကောလိပ်များက ကျောင်းသား၊ ကျောင်းသူများ၊ ဌာနလုပ်ငန်းခွင် ဝင်ရောက်နေကြသည့် လူငယ်များကို ဖိတ်ကြားတက်ရောက်စေပြီး ၎င်းတို့ကတစ်ဆင့် လူငယ်များအကြားတွင် ပြောင်းလဲနေသည့်ကမ္ဘာနှင့် မြန်မာ့အခြေအနေများကို ပထဝီ နိုင်ငံရေးရှုထောင့်၊ ပထဝီစီးပွားရေးရှုထောင့်ကနေ ရှုမြင်တတ်စေရန်၊ လူငယ်များကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့သည် ယနေ့ နံနက် ၀၇: ၂၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နှင့်ချောင်ဘူရီမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာအားကစားအဖွဲ့တွင် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄) ဦး၊ […]
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ မြန်မာလှေလှော်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး
![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ မြန်မာလှေလှော်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး ထိုင်း၊ ဒီဇင်ဘာ ၅ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း အုပ်စု(ခ)၏ ပထမဦးဆုံး အုပ်စုပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သည် ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ မြန်မာလှေလှော် အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့အား အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားတက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့အား အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားတက်ရောက် ရန်ကုန် ၊ ဒီဇင်ဘာ ၅ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့် နေသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အားကစားကွင်းအတွင်းရှိ ဝူရှူးလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ကျော်ဇေဝင်း+ ဇော်ထွန်းနိုင် (သွေ့လျန့်) (လက်နက်)၊ ခိုင်စန္ဒာစိုး+သူ့ပန်ထွာ (သွေ့လျန့်)(လက်နက်မဲ့) […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့်စနူကာ အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဒီဇင်ဘာ ၄ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ များ၏လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံသို့ရောက်ရှိရာ အမျိုးသားတစ်ဦးချင်း တီထွင်ကကွက် (freestyle poomsae)တွင် ညိုမင်းလွင် မှလည်းကောင်း၊ Recognized poomsae pair ကျား+မ နှစ်ဦး ပြိုင်ပွဲအတွက် ကောင်းဇင်ခန့်နှင့် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးနှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး ပြည်ပထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ သွားလာ နေထိုင်ရေး ကိစ္စရပ်များ၊ ပြိုင်ပွဲအောင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအားကစား အုပ်ချုပ်မှု ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၆ ဦးတို့သည် ယနေ့ နံနက် ၀၆: ၀၀ နာရီအချိန်၌ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်း ဖောက်လုပ်နိုင်မှုအခြေအနေများနှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဒက္ခိဏသီရိခရိုင်အတွင်း ဘောလုံးကွင်း ဖောက်လုပ်နိုင်မှုအခြေအနေများနှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း တည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ရွာမကျေးရွာ ဘောလုံးကွင်းသစ် ဖောက်လုပ်နိုင်ရေး အခြေအနေများအား ကွင်းဆင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးသည် ဘောလုံးကွင်းသစ်ဖောက်လုပ်ရန် လျာထားသော မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြေရာဇဝင်၊ မြေပိုင်ဆိုင်မှုနှင့်မြေပုံရေးဆွဲခြင်း အစီရင်ခံစာ ဆက်လက် တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များပြုစုခြင်းစသဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း အုတ်တံတိုင်းကာရံနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် QC […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် (Chef-de-Mission) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့ ပြည်ပထွက်ခွာ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် (Chef-de-Mission) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၃ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့ ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်အတူ မြန်မာအားကစားအုပ်ချုပ်မှု အဖွဲ့သည် ယနေ့ နံနက် ၁၀: ၀၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 360 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ လက်ထောက်အတွင်းဝန်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲများအလိုက် ဝန်ထမ်းများက အသီးသီး တင်ပြခဲ့ကြရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး၊ သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄)လခံစားမည့် ပြည်တွင်း/ပြည်ပဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်မြင့်အား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါ သည်။ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို […]