ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့်

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့် နေပြည်တော်၊ဖေဖော်ဝါရီ(၁၇)။ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်းအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) တို့အား သင်တန်းအမှတ်စဉ် (၁)ခုလျှင် သင်တန်းသား (၁၀၀)ဦး သင်တန်းကာလ (၃)ပတ် တစ်ပတ်လျှင် (၆) ရက်ဖြင့် နံနက်ပိုင်းအချိန်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ၂၇-၂-၂၀၂၃ မှ ၁၇-၃-၂၀၂၃ ရက်ထိလည်ကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃) အား ၂၀-၃-၂၀၂၃ မှ ၇-၄-၂၀၂၃ ရက်ထိလည်ကောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအား အတွေ့အကြုံရှိ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျသင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် (၄၀,၀၀၀/-) နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်လျှောက်လွှာပုံစံ၊ ဓာတ်ပုံ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ်အပြီးသတ်လူရွေးချယ်ခြင်း ဒုတိယနေ့ ပြိုင်ပွဲအမျိုးအစား(Event) No-4 နှင့် No-2 ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1)၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ […]
၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဥ်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်ထွေ/အုပ်ဖူဆယ်အားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အုပ်စုပွဲစဥ်များကို ပွဲစဥ်(၅)အဖြစ် ခေတ္တရာလူငယ် အသင်း Vs လင်းစတား အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ လင်းစတား အသင်းမှ ခေတ္တရာလူငယ် အသင်းကို (၅)ဂိုး / (၃)ဂိုးဖြင့်လည်းကောင်း ၊ ပွဲစဥ်(၆)အဖြစ် Arrow အသင်းနှင့် န.တ.လ အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ န.တ.လ အသင်းမှ Arrow အသင်းကို (၅)ဂိုး / (၁)ဂိုးဖြင့်လည်းကောင်း […]
ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ဟုမ္မလင်း၊ ဖေဖော်ဝါရီ (၁၆)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ-လ-က စာသင်ကျောင်းတွင်ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ-လ-က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်က လူငယ်နှင့်အားကစားသည် ဒွန်တွဲလျက်ရှိပါသဖြင့် လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်ဖွံဖြိုးလာအောင် နိုင်ငံတော်က အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်း(မုံရွာ)ကို ဖွင့်လှစ်က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းသို့တက်ရောက်လိုပါက အဆက်အသွယ်ပြုအမည်ပေးနိုင်ပါကြောင်းရှင်းလင်းဆွေးခဲ့သည်။ ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများအား အပြီးသတ်လူရွေးချယ်မှုပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများအား ပြိုင်ပွဲအသွင် ဆန်းစစ် အပြီးသတ်လူရွေးချယ်ခြင်းကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် (Joint Training) ပူးတွဲလာရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ဖေဖော်ဝါရီလ(၁၅)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ရန်ကုန်မြို့ အင်လျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ် လှေလှော်အားကစားသမားအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လှေလှော်လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုအားကြည့်ရှုပြီး အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်သို့ရောက်ရှိပြီး စခန်းသွင်းလေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ မသန်စွမ်း […]
ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအားကစားခန်းမ တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အားကစားခန်းမအတွက် လျှပ်စစ်မီးအမြန်ရရှိရေးဆောင်ရွက်သွားရန်၊ အားကစားခန်းမ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားခန်းမနှင့်သင့်လျော်သည့် အားကစားနည်းများကို ဒေသခံပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးမြို့ရှိ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ်

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ် တောင်ကြီးမြို့၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်များနှင့်အတူ ကိုဗစ်-၁၉ စည်းမျဉ်း/စည်းကမ်းများအတိုင်း ၁.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဦးစူးညီညီသိန်းဝင်းနှင့် အားကစားနည်းအလိုက်ဆပ်ကော်မတီ တာဝန်ခံသင်တန်းနည်းပြဆရာ/ဆရာမများမှ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းများကို ကြီးကြပ်နိုင်ရန် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်တွင် ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ/ဆရာမများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ […]
ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည့်သူရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်အနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ခင်းကျင်းပြသထားသည့် ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။