အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ (၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေကြီးအသင်းနှင့် မွန်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တနင်္သာရီတိုင်းဒေကြီးအသင်းက မွန်ပြည်နယ် အသင်းကို(၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ် အသင်းက ကချင်ပြည်နယ် အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချင်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ် အသင်းကို(၃)ပွဲ၊(၁)ပွဲဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၂၈)ရက်နေ့ နံနက်(၈)နာရီမှစ၍ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ မန္တလေးတိုင်းဒေသကြီအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။