စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
မုံရွာ၊ အောက်တိုဘာ၂၄။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပရိတ်သတ်များတက်ရောက်အားပေးခဲ့ကြပါသည်။ ပထမဦးစွာ ဆုရအသင်းများမှ သရုပ်ပြဖျော်ဖြေခဲ့ကြပြီး Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုနှင့်ဒုတိယဆုရရှိသောအသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ပထမဆုရရှိသောအသင်းအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ (၁)ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအားစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်၊ ဒုတိယဆုရရှိသောအသင်းအား လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး၊ ပထမဆုရရှိသောအသင်းအား စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ (၉)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဒုတိယဆုရရှိသောအသင်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် ပထမနှင့် တံခွန်စိုက်ဆုရရှိသောအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တို့မှ အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။ အခမ်းအနားအား (၁၀:၁၅)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


