(၁၁)ကြိမ်မြောက်အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို

(၁၁)ကြိမ်မြောက်အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို ရန်ကုန်၊ ဩဂုတ်လ(၂၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (11th Asian Junior Wushu Championships)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဝူရှူးအားကစားအဖွဲ့သည် ယနေ့ နံနက်(၀၈း၀၀)နာရီ အချိန်တွင် လေယာဉ်အမှတ် ST-251 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာဝူရှူးအားကစားအဖွဲ့တွင် တင်ထူးဝေက နန်းကွန့်အားကစားနည်း၌ ငွေတံဆိပ်(၁)ဆု၊ နန်းသောင်း နှင့် နန်းချွမ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ ပြည်သစ်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၄၈၀ ပေ x ၆၀ ပေ) RC (၂)ထပ် အနောက်ဘက် အထူးတန်း ပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၁၈၀ပေ x ၁၅၀ပေ) မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေးနှင့် စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လူငယ်မျိုးဆက်သစ်အားကစားသမားများ၏ အရည်အချင်း တိုးတက်မြင့်မားလာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ […]
၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ (၂၁)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌများ၊ အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက်ရောက်လာသော သင်တန်းသူများမှ အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် လူတစ်ဦး တစ်ယောက် ကစားခြင်းမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်လ(၂၀)ရက်။ အိုလံပစ်အားကစားနည်းတစ်ခုဖြစ်သည့် မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီမှူးကျင်းပသည့် FEI One Star Endurance Qualification Round 1 (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲကို ယနေ့ နံနက်(၆)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တာလွတ်၍ စတင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ […]
၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၈)။ ၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အာဆီယံနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေမေးခွန်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်၊ ဒုတိယဆုရရှိသည့် မချယ်ဇင်ဝင်းနှင့် တတိယဆုရရှိသည့် မသင်းသင်းခိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် […]
အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ တောင်ကြီး၊ သြဂုတ်-၁၇။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့်အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကိုသြဂုတ်(၁၇)ရက်မွန်းလွဲ(၂)နာရီကအား/ကာသိပ္ပံ (တောင်ကြီး) ရေကူးကန်၌ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကသင်တန်းကိုဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးအရည်သွေးမြှင့်မားသည်အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှထူးချွန်ထက်မြတ်သည့်မျိုးဆက် သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ကျား(၂၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် လူငယ်၊လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ငယ်ရွယ်နုပျိုစဥ်တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန်မျှော်လင့်မိပါကြောင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြများဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု(၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေးပြီးရေကူးနည်းပြဆရာမှ ရေကူးနည်း(၄)မျိုးဖြစ်သည့် လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်မောင်တန်းကူး၊ အလွတ်ကူး (ခေါ်) လက်ပစ်ကူးခြင်းတို့ကို သရုပ်ပြကူခတ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှလည်း သရုပ်ပြကူးခတ်ခဲ့ကြပါသည်။ […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academyမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်မှန်ကန်စေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား နေပြည်တော်၊ ဩဂုတ်(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ၌ အားကစားအခြေခံ ပိုင်းအား တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားလူငယ်များကို အနီးကပ်ပြုစုပျိုးထောင်ပေးရသော အရေးကြီးသည့် လက်ဦးဆရာများဖြစ်သည့်အတွက် “ အစကောင်း မှ အနှောင်းသေချာမည်” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအား အတွေးအခေါ်၊ အယူအဆ မှန်ကန်ပြီး စိတ်ဓာတ်ခံယူချက်ကောင်းမွန်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ […]
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း မော်လမြိုင်၊ ဩဂုတ်လ (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက် (သောကြာနေ့) ညနေ (၁၆:၁၅)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ အားကစားလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နည်းပြများအား သင်တန်းသားများ လေ့ကျင့်သင်ကြားပေးရာတွင်အခြေခံကို ပိုင်နိုင်ကျွမ်းကျင်စွာ အဓိကထား လေ့ကျင့်ရန်၊ သင်တန်းသား များ၏ ယခုလက်ရှိအသက်အရွယ်တွင် စံချိန်သည် အဓိကမဟုတ်၊ နည်းစနစ်မှန်ကန်အောင် အထူးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင် အားကစားအောင်နိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းသားများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်၊ Youth Campနှင့် Gold Camp တို့မှတဆင့် လက်ရွေးစင်ဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ထိုမှတဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက် […]