တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။
၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ်လူရွေးချယ်ပြိုင်ပွဲကျင်းပ
မြန်မာ ဝူရှူး(ဆန်းဆို)အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲကို (၇.၃.၂၀၂၄)ရက်နေ့မှ (၁၁.၃.၂၀၂၄)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် အပြီးသတ် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ ပြည်နယ်ဝူရှူး(ဆန်းဆို)ဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲ၌ မျိုးဆက်သစ်အားကစားသမား စုစုပေါင်း (၃၀)ဦးက ထပ်မံလာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။


