အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် ရှမ်းပြည်နယ်အသင်းအောင်နိုင်ရေးအတွက် လူရွေးချယ်ပြိုင်ပွဲ ကျင်းပ

တောင်ကြီး၊ ဖေဖော်ဝါရီလ ၁၃။

မြန်မာဘိလိယက်နှင့်စနူကာ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို (၂၄.၂.၂၀၂၄)ရကနေ့မှ (၂.၃.၂၀၂၄)ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် လူရွေးချယ်ပြိုင်ပွဲကို (၁၃.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွေးချယ်ခဲ့ရာ အဆိုပါလူရွေးချယ်ပြိုင်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပြည်နယ်ဘိလိယက်နှင့် စနူကာဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးကာ ၎င်းလူရွေးချယ်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မျိုးဆက်သစ်အားကစားသမား (၃၀)ဦး၊ တောင်ကြီးမြို့ပေါ်ရှိ မျိုးဆက်သစ်အားကစားသမား(၄၉)ဦး၊ စုစုပေါင်း (၇၉)ဦးက လာရောက်အရွေးချယ်ခံခဲ့ကြကြောင်း သိရှိရပါသည်။