၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၀)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ” ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နံနက်ပိုင်းတွင် (၃၁)ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် တိုက်ကွမ်ဒို အားကစားလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသော တိုက်ကွမ်ဒို အားကစားအဖွဲ့မှ (ကကွက်) အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မောင်ဆန်းရှိုင်းနှင့် မနေရီဦးတို့၏ (ကကွက်)တစ်ဦးချင်းသရုပ်ပြသမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် အနေအထိုင် အသွားအလာ ဂရုစိုက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး အားကစား သမားများ၏ တင်ပြချက်များ/လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဘတ်စကက်ဘော အားကစားလေ့ကျင့်ရေးရုံ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်မည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ(၄)ရက်။ ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၃)ရက်။ ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီလ (၁) ရက်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ဒေသအသီးသီး ရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေခြင်းနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် မီတာ(၂၀၀)ပွဲစဉ်များဖြစ်သည့် အမျိုးသား(၇)တက်လှော် ပြိုင်ပွဲ၊ အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲ၊ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၃၁) ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်တွင်ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်အားကစားပြိုင်ပွဲကျင်းပ ပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြတဲ့ လှေလှော် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ ရုံ များကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ ရုံ များကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ လိုက်ပါ၍ (၃၀.၁.၂၀၂၂) ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်သို့ ရောက်ရှိပြီး အားကစားရုံနှင့် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစား ကွင်းအတွင်းသို့ ကားများ အဝင်/အထွက်ပြုလုပ်ရာတွင် အဆင်ပြေစေရန် ကားပတ်လမ်းပြုလုပ် နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့သို့ရောက်ရှိခဲ့ပြီး အားကစားရုံရှေ့ရှိ အလံတိုင်အား စတီးတိုင်နှင့်အစားထိုးလဲလှယ်တပ်ဆင်သွားရန်၊ အားကစားရုံအတွင်း ခိုငှက်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ခိုငှက်များဝင်ရောက်နိုင်သည့်အပေါက်များ ကာရံထားရန်နှင့် မြို့နယ်ဘောလုံးကွင်းနှင့် (ခ)အဆင့် အားကစားရုံတို့ကို […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုနှင့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအား သွားရောက်ကြည့်ရှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုနှင့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအား သွားရောက်ကြည့်ရှု နေပြည်တော် ဇန်နဝါရီ (၂၉)ရက်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။ အဆိုပါသရုပ်ပြပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေး နေပြည်တော်၊ ဇန်နဝါရီလ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများဖြစ်ကြသည့် ဗိုလ်ကြီးတင်အောင်(ဘောလုံးအားကစားသမားဟောင်း)၊ ဒေါ်သန်းသန်း(ပြေးခုန်ပစ်)၊ ဒေါ်မာမာမင်း (ပြေးခုန်ပစ်)၊ ဒေါ်နုနုရီ(ပြေးခုန်ပစ်)၊ ဒေါ်ခင်မူမူ(ဂျူဒို)တို့နှင့် တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (VIP)ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားကဏ္ဍ ကျဆင်းလာသည်ကို တွေ့ရှိရပါသဖြင့် အားကစားကဏ္ဍကို လမ်းကြောင်းတစ်ခုပေါ်ရောက်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ပြီး ပြန်လည်တည့်မတ်ပေးသင့်ကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် […]
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီလ(၂၇)ရက်။ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက် (၆:၃၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် သုံးဆင့်ခုန် (အမျိုးသမီး)၊ လှံတံပစ် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)၊ မီတာ (၁၀၀) […]