အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်တွင် ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ/ဆရာမများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ […]

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည့်သူရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်အနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ခင်းကျင်းပြသထားသည့် ပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၄၈၀)xပေ(၆၀) RC(၂)ထပ် ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၁၈၀)xပေ(၁၅၀) မိုးလုံလေလုံအားကစားရုံတို့အား သတ်မှတ်ကာလအတွင်းပြီးစီးရမည့် ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေးတို့အတွက် ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေမှုရှိစေရေး၊ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ ပီတန်းအားကစားကွင်း၌ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား  ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိခဲ့ကြသည့် ပထမ မသဲစုစုအောင်၊ ဒုတိယ မခင်ချယ်ရီသက်၊ တတိယ မောင်ဝင်းသူရိန်ထွန်းတို့အား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု ပြခန်းအတွက် သယ်ယူခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်ပစ္စည်းများနှင့်ဓါတ်ပုံများအား သယ်ယူနိုင်ရေး စနစ်တကျထုပ်ပိုးပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဓါတ်ပုံများအား ပြောင်းလဲမှုရှိတိုင်း စဉ်ဆက်မပြတ် (Update) ပြောင်းလဲခင်းကျင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ရောက်ရှိပြီး ဘက်စုံအသုံးပြုနိုင်သည့် မီတာ(၄၀၀) (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက်အကူပြုပစ္စည်းများအား နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲပိုင်းအချိန်တွင် ခန္တီးမြို့သို့ရောက်ရှိလာခဲ့ပြီး ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း အားကစားရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Inter […]

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၃၀)။ မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကျောင်းအတတ်ပညာ ရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနား၌ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းလူငယ်များ အိုးမကွာ အိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် စီးပွားဖြစ်လုပ်ကိုင်နိုင်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ (MSME) အရှိန်အဟုန်မြင့် တိုးတက်လာမှာဖြစ်ပြီး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာအောင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဟန်ချက်ညီအောင် ဖြည့်တင်းပေးရန်လိုအပ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့်လည်း မသန်စွမ်းလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အဓိက ရှေ့လုပ်ငန်းစဉ်ကြီး(၃)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းအပြင် အခြားကုန်ထုတ်လုပ်မှုသင်တန်း၊ လက်မှုအတတ် ပညာသင်တန်းများကိုလည်း […]

(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

Loading

(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား သွားရောက်လှူဒါန်းခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု (သီလရှင်)ကျောင်းသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးအပ်လှူဒါန်းလိုက်သော မြဝတီစာပေတိုက်မှထုတ်ဝေသည့် စာအုပ်၊ စာဆောင်များအား ကိုယ်စားလှူဒါန်းခဲ့ပြီး လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများအားဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်  သုတဥယျာဉ် စာကြည့်တိုက်အတွင်းရှိ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် စာပေများ ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂၆)။ မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသားအားကစားပွဲတော်မှတဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ်များကိုကျင်းပလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်  (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃) ပွဲ၊ (၁) […]