အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်‌ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၀)။

မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်‌ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်းရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပခဲ့သည်။

မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်‌ဖလား ဘော်လီဘော(အမျိုးသား) ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များအဖြစ် အသက်(၁၈)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စည်ပင်ကြီးအသင်းနှင့် ဇမ္ဗူတက်လူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူတက်လူအသင်းက စည်ပင်ကြီးအသင်းကို (၃)ပွဲ၊ (၂)ပွဲ ဖြင့်လည်းကောင်း၊ အသက်(၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ဇေယျာလူငယ်အသင်းနှင့် တပ်ကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇေယျာလူငယ်အသင်းက တပ်ကုန်းအသင်းကို (၃)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အသက်(၁၈)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်‌လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဇမ္ဗူတက်လူအသင်းမှ ကျောနံပါတ် (၁၀) မောင်တင်ထွေးအောင်အား လူမှုရေးအသင်း အတွင်းရေးမှူး ဦးဇော်လွင်ဦးကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် လယ်ဝေးအသင်းအား လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူဇော်ကလည်းကောင်း၊ တတိယဆုရရှိသည့် တပ်ကုန်းအသင်းအား လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကြည်ကြည်အေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စည်ပင်ကြီးအသင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ ပထမဆုရရှိသည့် ဇမ္ဗူတက်လူအသင်းအား လူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဦးသန်းထွန်းဦးတို့က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု များနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်‌လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဇေယျာလူငယ်အသင်းမှ ကျောနံပါတ် (၉) မောင်သော်လွင်အောင် အား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် ဇမ္ဗူတက်လူအသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းကလည်းကောင်း၊ တတိယဆု ရရှိသည့် လယ်ဝေး(က)အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းအသင်းအား အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ ပထမဆုရရှိသည့် ဇေယျာလူငယ်အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်း၊ ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့‌ကြောင်းသိရသည်။