အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများ၏ လက်ရည်ဆန်းစစ်ပြိုင်ပွဲ  ယှဉ်ပြိုင်ကစားနေမှုများနှင့် (ခြင်းလုံး၊ ဘော်လီဘော (အမျိုးသမီး)၊ ဗိုဗီနမ်) အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများ၏ လက်ရည်ဆန်းစစ်ပြိုင်ပွဲ  ယှဉ်ပြိုင်ကစားနေမှုများနှင့် (ခြင်းလုံး၊ ဘော်လီဘော (အမျိုးသမီး)၊ ဗိုဗီနမ်) အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)။ ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏ နောက်ဆုံးအကြိမ် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၆)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်ဇုန်အသင်းက မကွေးဇုန်အသင်းကို (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။ (၂၈.၂.၂၀၂၃)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးဇုန်အသင်း နှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းက မန္တလေးဇုန်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ တောင်ကြီးဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။  (၂၆.၂.၂၀၂၃)ရက်နေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် နေပြည်တော် […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမ အားကစားသမားလူရွေးချယ်ပြိုင်ပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Loading

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမ အားကစားသမားလူရွေးချယ်ပြိုင်ပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ နေပြည်တော်၊  ဖေဖော်ဝါရီ (၂၄)ရက်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအား ဝိတ်တန်းအလိုက် လူရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက် ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၃)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် (၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါအုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ဇုန်အသင်းက ဒဂုံဇုန် အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ (၂၄.၂.၂၀၂၃)ရက်နေ့ အုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား […]

(၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှု အားပေးချီးမြှင့်

Loading

(၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှု အားပေးချီးမြှင့် နေပြည်တော် ဖေဖော်ဝါရီ ၂၂ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း/ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း/ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ (၂၂) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာနရုံးတွင် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်ရှိဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတာဝန်များကို ‌ထမ်းဆောင်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စာအုပ်စာပေများဖတ်မှသာ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗဟုသုတများစွာရရှိလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း လူငယ်ရေးအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း လူငယ်ရေးအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား ပုသိမ်၊ ဖေဖော်ဝါရီ (၂၂)။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေးဒီကရီကောလိပ်၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသည့်သူများသည် အနာဂါတ်အတွက် ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးမည့် ဆရာ/ဆရာမအလောင်းအလျာများဖြစ်၍ နောင်တစ်ချိန်၌ လူငယ်များကို ပြုစုပျိုးထောင်ရန် တာဝန်ရှိသူများဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးဖို့၊ ဆင်ခြင်တုံတရားလက်ကိုင်ထားရန် ၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်၊ မိမိကိုယ်ကိုမိမိ လေးစားတန်ဖိုးထားတတ်စေရန်နှင့်၊ IQ (Intelligence Quotient) ဉာဏ်ရည်ဉာဏ်စွမ်းရှိဖို့၊ EQ (Emotional Quotient) ရိုးသားမှု၊ နှိမ့်ချမှု၊ အလိုက်သိနားလည်မှုတွေရှိဖို့၊ AQ (Adversity Quotient) အခက်အခဲတွေ့ကြုံချိန်တွင် ဖြေရှင်းနိုင်မှု၊ အနိုင်ရရှိမှုကို […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ယနေ့ နံနက် (၇)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား မီတာ(၁၅၀၀) ပြိုင်ပွဲတွင် ပထမဆု မောင်ခန့်ဇင်ကိုကို(သင်္ဃန်းကျွန်း)၊ ဒုတိယဆု မောင်ခွန်ရန်နိုင်ထွန်း(တောင်ကြီး)၊ တတိယဆု မောင်စိုင်းသီဟစိုး(ဘားအံ)နှင့် အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမဆု မနန်းစုထွေး (စစ်ကိုင်း)၊ ဒုတိယဆု မခိုင်စံပယ်ဦး(တောင်ကြီး)၊ တတိယဆု မအေးမြင့်ဦး(ဟားခါး)တို့အား ပညာရေးဝန်ကြီးဌာန […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ (၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်ဓာတ်ကျ အားငယ်စိတ်များမထားဘဲ […]