အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ၂၅။
၂၀၂၄
ခုနှစ်ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်၊ရုံးအမှတ်(၃၁)ရှိ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင် သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်”ဟု လမ်းညွှန်ထားပါကြောင်း၊ အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်ကလည်း အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများကို စည်းကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲနိုင်စေရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်/နည်းပညာကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ သတ်မှတ်ထားသည့် လျာထားအင်အားစာရင်းများကို အတည်ပြုပေးနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအပါအဝင်
ဝန်ထမ်းမိသားစုများပါ ပျော်ပျော်ပါးပါး အင်ပြည့်အားပြည့် လာရောက်ကြည့်ရှုအားပေးနိုင်စေရေးအတွက်လျာထားဖိတ်ကြား အင်အားစာရင်းများအပေါ် အတိုး/အလျော့ အပြောင်းအလဲများ ပြုလုပ်လိုပါက ယခုအစည်းအဝေးတွင် တင်ပြ
ဆွေးနွေးပေးပါရန်နှင့် အတည်ပြုအင်အားစာရင်းများရရှိပါက အစမ်းလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တက်ရောက်ရမည့် ပရိသတ်အင်အားစာရင်းများကို ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီအဖွဲ့ဝင် လူငယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က တင်ပြဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိကြီးများက လျာထားဖိတ်ကြားအင်အားစာရင်းများနှင့် ပတ်သတ်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့မှုများအပေါ်ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တင်ပြဆွေးနွေးခဲ့မှုများနှင့်
အတည်ပြုပေးပို့လာသည့် တက်ရောက်အင်အားစာရင်းများကို ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲများတွင် ပေးပို့ထားသည့်
တက်ရောက်အင်အားစာရင်းများအတိုင်း အင်ပြည့်အားပြည့်တက်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများက စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ကြောင်းသိရသည်။