အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ

ရန်ကုန် ၊ အောက်တိုဘာလ ၂၆ ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ နံနက်(၁၁:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-336 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့က ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။