အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ မတ် (၁၀)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် အာရှ ရုံတွင်းကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination  Committee meeting  of  the  6th Asian Indoor and Martial Art Games )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  အားကစားနှင့်ကာယပညာဦးစီးဌာန  ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယနေ့ည (၇)နာရီအချိန်တွင် […]

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ ရန်ကုန်၊ မတ်(၁၀)ရက်။ 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ OCA Media Manager Mr. Zhou Jian […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်၍ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် အားကစားသမားများ၏ ကျန်းမာရေးနှင့် သွားလာ၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများအား အထူး ဂရုစိုက်ပေးကြရန်နှင့် ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် လိုအပ်သည်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ မတ်(၇)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်တွေ့ခန်းမဆောင်၌ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader မှ […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၃) ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ နေပြည်တော်၊ မတ်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာမြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဖွံ့ဖြိုး ရေးဆိုင်ရာကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝန်ကြီး ဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်၏ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ မတ်(၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ သင်တန်းတက်ရောက်လာကြသည့် Malaysia၊ Singapore၊ Indonesia၊ Philippines၊ Thailand၊ Cambodia၊ […]

မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် Youth Camp မှ အားကစားသမားများအတွက် အထူးနေ့လယ်စာ စားပွဲပြုလုပ်

Loading

မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် Youth Camp မှ အားကစားသမားများအတွက် အထူးနေ့လယ်စာစားပွဲပြုလုပ် နေပြည်တော်၊ မတ်လ (၄)။ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် Youth Camp ၌  စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား စိတ်ပျော်ရွင်စေရန်နှင့် အစားအသောက်များ အပြောင်းအလဲဖြစ်စေရန်အတွက် မိုးပျံကြက်သား ဒံပေါက်ဖြင့် အထူးနေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ ကျွေးမွေးခြင်းကို ယနေ့ နေ့လယ်(၁၁)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ စားရိပ်သာ၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတွင် ခြင်းလုံးအားကစားအဖွဲ့နှင့် (Join […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၁/၂၀၂၃)ဆင်းပွဲသို့ တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၁/၂၀၂၃)ဆင်းပွဲသို့ တက်ရောက် ရန်ကုန်၊ မတ်လ(၂)ရက်။       မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံသို့ ရောက်ရှိ၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Kum Khmer  အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့်  မြန်မာရိုးရာလက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်က အမျိုးသားများအနေဖြင့် (၅၁)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇)ကီလိုတန်း၊ (၇၁)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၈၁)ကီလိုတန်းများတွင်လည်းကောင်း၊ အမျိုးသမီးများအနေဖြင့် (၄၈)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်းများတွင် ပါဝင်ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အထူးကြိုးစားဆောင်ရွက်နေကြောင်းနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ Director  General  Of  Olympic  Council  of Asia  and World Aquatic  President  Mr. Husain  AHZ  AI  Musallam  နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ Director  General  Of  Olympic  Council  of Asia  and World Aquatic  President  Mr. Husain  AHZ  AI  Musallam  နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ ရန်ကုန်၊ မတ်လ (၁)ရက်။               မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ ညနေ(၅)နာရီအချိန်တွင်  သင်္ယန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ပတ္တမြားအစည်းအဝေးခန်းမ၌  Director General Of Olympic Council of Asia and World Aquatic President Mr. Husain AHZ AI  Musallam  အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာ  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် […]

တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

Loading

တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးချီးမြှင့် နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်။ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ […]