အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၁)။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်ထိုင်းနိုင်ငံမှ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ၀န်ကြီး H.E Phiphat Ratchakitprakarn က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ ယခင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ (၁၃)ကြိမ်မြောက်နှင့် (၁၄)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးများနှင့် […]

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၁)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ သရုပ်ပြသ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ တွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း/ အားကစားရုံနှင့် လယ်ဝေးမြို့နယ် Training Center(TC-2) ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

Loading

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၀)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဩဂုတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ယနေ့ နေ့လယ်(၁၁း၂၅)နာရီအချိန်၌ လေယာဉ်အမှတ် TG- 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြား ရန်ကုန်၊ဩဂုတ်လ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိသူတို့က (၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သွားရောက်ယှဥ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောအားကစားနည်းတို့မှ အုပ်ချုပ်/နည်းပြများ၊ အားကစားသမားများ စုစုပေါင်း (၂၆)ဦးတို့၏ လေ့ကျင့်နေမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ပြိုင်ပွဲသို့ စံချိန်စံညွှန်းကောင်းမွန်ပြီး အရည်အသွေး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Gold Campရှိ စားရိပ်သာတွင် အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုအားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Gold Campရှိ စားရိပ်သာတွင် အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုအားကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် (၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အာကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ၌ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများ စားသောက်မှု အဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်မျှတ၍ သန့်ရှင်းလတ်ဆက်ပြီး အာဟာရပြည့်ဝသော ဟင်းလျာများအား အရသာရှိစွာပြောင်းလဲပြင်ဆင် ချက်ပြုတ်ကျွေးမွေးသွားရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် အားကစားသမားများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန်အတွက် အုပ်ချုပ်/နည်းပြများမှအမြဲတမ်း စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန်မှာကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ တောင်ကြီး၊ သြဂုတ်လ(၂၃)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ်(၂၃)ရက်နံနက်(၇)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်( ၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မိမိတို့ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲကိုလာရောက်ယှဥ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓါတ်အပြည့်အဝနှင့် အသန့်ရှင်းဆုံးပါဝင်ယှဥ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပြီး ပြိုင်ပွဲမှတဆင့်နိုင်ငံတော်က အားထားရမည့် ထူးချွန်သည့် လက်ရွေးစင်အားကစားသမားကောင်းဖြစ်လာအောင် ကြိုးစားကြရန်ပြောကြားသည်။ ဆက်လက်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြိုင်ပွဲအား အမှာစကားပြောကြားပြီးအသက်(၁၉)နှစ်‌အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။ […]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

Loading

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက် နေပြည်တော်၊ ဩဂုတ် (၂၂)။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)တို့၌ ကျင်းပသည်။ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်နှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ လက်တွေ့မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။ ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။ ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၆၆ ဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၄၅၀ တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။ မဲဆန္ဒရှင်ပြည်သူ တစ်ယောက်အနေဖြင့် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်း/ရုံများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် သင်တန်း သား/သူများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်း/ရုံများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် သင်တန်း သား/သူများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ သြဂုတ် (၂၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ ကလောမြို့နယ်နှင့် အောင်ပန်းမြို့တို့ရှိ ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းရှိမြက်များ စိမ်းလန်းစိုပြေစေရေး၊ အားကစားရုံရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသာယာမှုရှိစေရေးနှင့် ပြည်သူများလာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ စီစဥ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည်၊ အေးသာယာမြို့နယ်ရှိ အားကစားနှင့်ကာယပညာ (သိပ္ပံ) ကျောင်းအတွင်းရှိ ရေကူးကန်၊ အမျိုးသမီးအိပ်ဆောင်၊ စာသင်ကျောင်းနှင့် လေ့ကျင့်မှုပြုလုပ်သည့် အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများ၏ နေ့လည်စာစားသုံးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီး(သိပ္ပံ)မှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် […]