အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ (၂၄)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ […]

၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။ ၂၀၂၄ ခုနှစ်၊မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့၌ ကျင်းပပြုလုပ်မည့် “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော် ” (The World Youth Festival 2024)သို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော်သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းပေးခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက် ရန်ကုန်၊ဖေဖော်ဝါရီလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium သို့ ရောက်ရှိလာရာ ဒဂုံမြို့သစ်တောင်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ကြိုဆိုကြပြီး အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာ လေ့ကျင့်နေသော ဖူဆယ်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် အားကစားကို ဝါသနာပါသော ပြည်သူများ လေ့ကျင့်လိုက်စားစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်စေရေးအတွက် ဘက်ဂျက်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ပေးထားခြင်းဖြစ်သည့်အတွက် အခမဲ့ကစားခွင့်ပြုရန် ဖြစ်ပြီး အားကစားသမားများကလည်း စည်းကမ်းစနစ်ကျနစွာ ကစားပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာအားကစားတာဝန်ခံများအနေဖြင့်လည်း လိုအပ်သည့်အားကစားအသုံးအဆောင်ပစ္စည်း များကို ထုတ်ပေးရန်နှင့် လိုအပ်ပါက ဌာနသို့ တင်ပြတောင်းခံနိုင်ကြောင်း၊ အားကစားရုံသန့်ရှင်းလှပ စေရေးနှင့် ရေရှည်တည်တံ့ […]

ဒုတိယဝန်ကြီး ဦးထိန်လင်း ပဏာမလက်ရွေးစင်မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း ပဏာမလက်ရွေးစင်မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၇)ရက်။ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် […]

မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၆)ရက်။ မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့လက်ရည်စစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) မြား(၃၆)ချောင်း (၂)ကြိမ်၊ စုစုပေါင်း မြား (၇၂)ချောင်း အဆင့်သတ်မှတ်ခြင်း ပြိုင်ပွဲအား ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် (အမျိုးသား/အမျိုးသမီး)တစ်ဦးချင်း ရှုံး/ထွက် (ကွာတား ဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲ) ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်နေ့၊ နံနက် (၈)နာရီခွဲတွင် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)ရှိ လူငယ်လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံတွင် အလေးမအားကစားနည်းမှ လက်ရွေးစင်အားကစားသမား၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ ထောက်လုအားကစားသမားများနှင့် ဆန်းဆိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဘိလိယက်အားကစားရုံတွင် အားကစာသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Center Hall No.2 ၌ (Youth Camp)မှ လူငယ်လက်ရွေးစင်အလေးမ အားကစားသမားများ၏ […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက် (၉)နာရီတွင် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်းတက်ရောက်ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သည် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအား နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရာတွင် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစား နှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်း အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအောင်မြင်မှုအဆင့်အတန်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ကို တိုင်းတာလို့ရသည့်အတွက် မြန်မာ့အားကစား အောင်မြင်မှုရရှိအောင် အားလုံးဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခု အစည်းအဝေးတွင် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ဌာနခွဲများအလိုက် မိမိတို့၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို တင်ပြပေးသွားရန်ပြောကြားခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပနိုင်ခဲ့မှုအခြေအနေ များ၊ […]

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားလှုပ်ရှားမှုပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားလှုပ်ရှားမှုပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်တွင်းမှ တစ်နှစ်တာအားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဝင်များ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ အားကစားကိုစိတ်ပါဝင်စားကြသော မိဘပြည်သူများမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြခန်းသို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါပြခန်းသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ တစ်နှစ်တာ၌ ပြည်နယ်တွင်းအားကစားလှုပ်ရှားဆောင်ရွက်မှုများ ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိပြီး […]

မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲအခမ်းအနား ကျင်းပ

Loading

မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲအခမ်းအနား ကျင်းပ မကွေး၊ ဖေဖော်ဝါရီလ(၅)ရက်။ လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ ဦးစွာ […]