အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျသည့် အားကစားကွင်း/ အားကစာရုံများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လျာထားသည့် မြေနေရာများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီအားကစားကွင်းရှိ ဘောလုံးကွင်း ပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှုအခြေအနေများ၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ တပ်ဆင် ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဘောလုံးကွင်းမြက်ခင်း ရေဖြန်းပိုက်(Sprinkler) တပ်ဆင်ထားမှုနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အားကစားကွင်း/အားကစာရုံများ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ဘောလုံးအားကစားကွင်းအားလည်းကောင်း၊ ဘောလုံးကွင်းပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဂိုးတိုင်ပိုက်များ တပ်ဆင်ထားရှိမှုအခြေအနေများနှင့် ပွဲကြည့်စင်တို့အားလည်းကောင်း၊ ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများအားလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်းစိမ်းလန်းစိုပြေစေရေး၊ ရေရှည်တည်တံ့စေရေး၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရရှိစေရေးတို့အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက် […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၃၀)ရက် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ( ၁၁ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြိုင်ပွဲ ဗိုလ်လုပွဲများအဖြစ် အမျိုးသား (၅၄-၅၈)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး(၄၃-၄၆) ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသား(၇၄-၈၀)ကီလိုတန်းပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများနှင့် ပြင်ဦးလွင် (တိုက်ဂါး ကလပ်)မှ မောင်ကျော်သူရ ၏ […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော် ၃၀ ရက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်မှ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ နေပြည်တော်အတွင်းမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ လူငယ်တွေ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက် ပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ယဉ်ကျေးလိမ္မာပြီး စဉ်းစားတွေးခေါ်၊ ဉာဏ်ပညာမြင့်မား၍ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ လူငယ်တွေဖြစ်စေဖို့နဲ့ နောင်တချိန် နိုင်ငံတော်ကအားထားရမယ့် အသိ ပညာရှင်၊ အတတ်ပညာရှင် […]
Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဇွန်လ(၂၉)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားခန်းမသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင် (Kickboxing) အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် Asian Kickboxing Confederation (AKC) ဥက္ကဋ္ဌ ၊ Mr. Nasser Nassiri နှင့် နည်းပြတို့မှ အားကစား အထောက်အကူပြုပစ္စည်းများ၊ နည်းစနစ်ပိုင်းနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာ သို့ […]
၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအား ကြည့်ရှုအားပေး၍ မြင်းစီးအဖွဲ့ချုပ်နှင့်ပန်ကြပ်ဆီလပ်အဖွဲ့တို့အား တွေ့ဆုံ

၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအား ကြည့်ရှုအားပေး၍ မြင်းစီးအဖွဲ့ချုပ်နှင့်ပန်ကြပ်ဆီလပ်အဖွဲ့တို့အား တွေ့ဆုံ ရန်ကုန်၊ ဇွန်လ(၂၈)ရက် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီစတင်ဖွဲ့စည်းသည့် ဇွန်လ(၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင်ရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်မှုဖြင့် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇွန်လ(၂၃)ရက်နေ့၏ ရှေ့တစ်ပတ်အကြိုနှင့် နောက်တစ်ပတ်အတွင်း ကျင်းပလျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူတို့သည် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကနူး/ကယက်လှေ၊ အပြည်ပြည်ဆိုင်ရာလှေနှင့် ရိုးရာလှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား […]
ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအား ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအား ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန် ၂၈ ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအားဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများ အပြီးတွင် […]
စခန်းဝင်အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

စခန်းဝင်အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇွန်လ(၂၇)ရက်။ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများပြုလုပ်ပြီးချိန်တွင် ကုန်ခမ်းသွားသည့် အင်အားများကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့် Sports Nutrition အာဟာရပိုင်းဆိုင်ရာများ၌ ထိထိရောက်ရောက် အားဖြည့် ကျွေးမွေးစေလိုကြောင်း၊ လက်ရှိကျွေးမွေးနေသည့် အခြေအနေများမှ အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့် ပုံစံနှင့်အစားအစာများ ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးသင့် အမှုထမ်းများအား ဦးစားပေးနေရာချထားသည့် Basha များအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးသင့် အမှုထမ်းများအား ဦးစားပေးနေရာချထားသည့် Basha များအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၂၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဦးစားပေး နေရာချထားပေးသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) မိန်းဂိတ်ဝ ဘယ်/ညာရှိ Basha များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်ရန်အတွက် ခွဲဝေချထားပေးသည့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထိုင်မှုများ အဆင်ပြေစေရေးအတွက် […]
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပီတန်းနှင့် လက်ဝှေ့အားကစားပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပီတန်းနှင့် လက်ဝှေ့အားကစားပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဇွန် ၂၆ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့် လျက်ရှိသည့် ပီတန်းနှင့် လက်ဝှေ့အားကစားနည်းများမှ အားကစားသမားများအား လက်ရည် ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပီတန်းအားကစားကွင်းနှင့် လက်ဝှေ့ အားကစားရုံတို့တွင် ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံပီတန်းအားကစားအဖွဲ့ချုပ် နာယက ဦးသိန်းဝင်းတို့နှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ ပီတန်းကွင်း၌ ကျင်းပသည့် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း (Single Event)ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) အငယ်တန်းပြိုင်ပွဲတွင် […]