ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ ရန်ကုန်၊ ဧပြီလ (၆)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံသည့် အစည်းအဝေး ကို ယနေ့နေ့လယ် (၁၃:၀၀)နာရီမှ (၁၇:၃၀) နာရီအချိန်အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာမြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားဟောင်းကြီးများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ အစည်းအဝေးပထမပိုင်းအဖြစ် ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ခြင်းလုံး၊ ပန်ကြပ်စီလပ်၊ ပိုက်ကျော်ခြင်း၊ ဘိလိယက် နှင့်စနူကာအဖွဲ့ချုပ်များ၊ အစည်းအဝေးဒုတိယပိုင်းအဖြစ် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လူငယ်ရေးရာဉီးစီးဌာန ရုံးပြောင်းရွှေ့မှုအခြေအနေများနှင့် ပြည်ထောင်စုဝန်ကြီးရုံး ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လူငယ်ရေးရာဉီးစီးဌာန ရုံးပြောင်းရွှေ့မှုအခြေအနေများနှင့် ပြည်ထောင်စုဝန်ကြီးရုံး ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော် ဧပြီ ၆ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန မှ ရုံးခန်းနေရာများ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် လူငယ်ရေးရာဉီးစီးဌာနရုံး ယာယီပြောင်းရွှေ့ထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ အဆောက်အဦအတွင်းရှိ ရုံးသုံးပရိဘောဂပစ္စည်းများကို တပ်မတော်(ရေ)မှ စစ်သည်များက သယ်ဆောင်ပြောင်းရွှေ့ကူညီပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အတူ […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၅ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) မှ ပဏာမလက်ရွေးစင်အားကစားသမားများ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ လူငယ်အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)၌ တွေ့ဆုံခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားအဖွဲ့များအားလုံး ငလျင်ဒဏ်ကြောင့် လက်ရှိတွင် နေထိုင်စားသောက်မှုများ၊ သောက်ရေ၊ သုံးရေ အခက်အခဲများ ကြုံတွေ့နေရသော်လည်း အသက်ဘေးအန္တရာယ်နှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၄ ။ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ မိတ်ဖက်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall) ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့တွင် ၇.၇ စကေးနှုန်းဖြင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားကွင်း/အားကစားရုံများနှင့် လူပျိုဆောင်/အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားကွင်း/အားကစားရုံများနှင့် လူပျိုဆောင်/အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ ၁။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်း တွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် လူပျိုဆောင်/ အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ ပေါင်းလောင်းအားကစားကွင်းအားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှု သမိုင်းမှတ်တမ်းပြခန်းများနှင့် ပြတိုက်များအားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်လျက်ရှိသည့် လူပျိုဆောင်/ အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့၊ အရှေ့တောင်နှင့်တောင်အာရှနိုင်ငံများရှိ အမျိုးသားအိုလံပစ်ကော်မတီများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့၊ အရှေ့တောင်နှင့်တောင်အာရှနိုင်ငံများရှိ အမျိုးသားအိုလံပစ်ကော်မတီများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ မတ်လ (၃၁)ရက် ၂၀၂၅ခုနှစ်၊ ဧပြီလ (၂)ရက်နေ့မှ (၃)ရက်နေ့အထိ ဘူတန်နိုင်ငံတွင်ကျင်းပမည့် အရှေ့၊ အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများရှိ အမျိုးသားအိုလံပစ်ကော်မတီများ တွေ့ဆုံဆွေးနွေးပွဲ (OS/OCA Regional forum for East , Southeast & South Asian NOCs )သို့ တက်ရောက် ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး တို့သည် ယနေ့ ညနေ (၁၈ :၀၀)နာရီ အချိန်၌ လေယာဉ်အမှတ် (8M- 350)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး […]
ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှအစားအသောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားနှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ယာယီနေရာ ထိုင်ခင်းစီစဉ်ဆောင်ရွက်ပေးထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှအစားအသောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားနှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ယာယီနေရာ ထိုင်ခင်းစီစဉ်ဆောင်ရွက်ပေးထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ် ၃၁။ ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ လတ်တလောစားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှ အစားအသောက်များ အရေးပေါ် ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ လာရောက်လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ် ၃၀။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားသော နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပိတောက်အိမ်ရာရှိ တိုက်အမှတ်- ၈၂၁ နှင့် ၈၂၂ တို့အားလည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်- ၃၃၉၉ အားလည်းကောင်း၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်- ၅၃၅၀ နှင့် ၅၃၅၁ တို့အပြင် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ အားကစားသမားများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ သောက်ရေနှင့် သုံးရေရရှိစေရေးတို့အတွက် ဆက်လက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ မတ် ၂၄ ဝန်ထမ်းများ ဥပဒေဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်နှင့် အညီ မိမိတို့ဝန်ကြီးဌာနမှ […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ရန်ကုန်၊ မတ်လ (၂၃)ရက် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် အထောက်အကူပြု လုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ […]