၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပထမ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပထမ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၆။ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ […]
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1 * Endurance Qualification 40 km (၄၀ ကီလိုမီတာ)ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ တက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1 * Endurance Qualification 40 km (၄၀ ကီလိုမီတာ)ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1* Endurance Qulification 40 km (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲတွင် […]
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၊ ဘော်လီဘောအဖွဲ့ချုပ်၊ မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ သေနတ်ပစ်အဖွဲ့ချုပ်နှင့် နိုင်ငံတကာအဆင့်မီ ရေကူးကန်များသို့ လိုက်လံကြည့်ရှု
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၊ ဘော်လီဘောအဖွဲ့ချုပ်၊ မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ သေနတ်ပစ်အဖွဲ့ချုပ်နှင့် နိုင်ငံတကာအဆင့်မီ ရေကူးကန်များသို့ လိုက်လံကြည့်ရှု ရန်ကုန်၊ စက်တင်ဘာ ၄ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်နှင့် နိုင်ငံတကာအဆင့်မီ ရေကူးကန်သို့ သွားရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်၍ မြင်းစီး အသုံးအဆောင်လေ့ကျင့်ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်တွင် (၄၀)ကီလိုမီတာ ခရီးရှည်မြင်းစီး […]
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ နှင့်အထက်တည်ဆောက်ရေးလုပ်ငန်း ၁၁ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ နှင့်အထက်တည်ဆောက်ရေးလုပ်ငန်း ၁၁ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၄ အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအနက် ကျပ်သန်း ၁၀၀၀ နှင့်အထက် တည်ဆောက်ရေးလုပ်ငန်း ၁၁ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအနက် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၃ ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်း အားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွားလာစေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဦးတင်ဦးလွင်၊ […]
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာလ ၃ အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ အောက် တည်ဆောက်ရေးလုပ်ငန်း ၄၅ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ၊ အားကစားရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြား ရာတွင် ကျပ်သန်း ၁၀၀၀ […]
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိ
![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၂ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဦးကျော်ထင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးသိုက်စိုး၊ […]
ဒုတိယဝန်ကြီး ဦးညီညီ၊ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (၄)ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ကြည့်ရှုအားပေး
![]()
ဒုတိယဝန်ကြီး ဦးညီညီ၊ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (၄)ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ် ၃၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ချင်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို […]
ဒုတိယဝန်ကြီး၊ ဦးညီညီ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကြည့်ရှုအားပေး
![]()
ဒုတိယဝန်ကြီး၊ ဦးညီညီ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ် ၂၉ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား)(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အလားတူ […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အားကစားမှူးနေရာများတွင် တာဝန်ပေးခန့်အပ်ခြင်းခံရသည့် ပြန်တမ်းဝင်အရာရှိ ၁၁ ဦးတို့အား တွေ့ဆုံအမှာစကားပြောကြား
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အားကစားမှူးနေရာများတွင် တာဝန်ပေးခန့်အပ်ခြင်းခံရသည့် ပြန်တမ်းဝင်အရာရှိ ၁၁ ဦးတို့အား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် ၂၈ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများ၌ လစ်လပ်လျက်ရှိသည့် မြို့နယ်အားကစားမှူး နေရာများတွင် တာဝန်ပေးခန့်အပ်ခြင်းခံရသည့် ပြန်တမ်းဝင်အရာရှိ ၁၁ ဦးတို့အား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် သတ်မှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အားကစားရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် အားကစားကို Mass Sports လူထုအားကစားအသွင်အဖြစ် ဆောင်ရွက်သွားရန် […]