အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၇

အားကစားရေးရာဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁)ရေကန်၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးညီညီက ငါးကြင်းရွှေဝါသားပေါက်လေးများကို စိုက်ထည့်ခဲ့ပြီးနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုးနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက ငါးကြင်းရွှေဝါသားပေါက် အကောင်ရေ ၉၀၀၀ ကို ဆက်လက်လွှတ်ပေးခဲ့ကြသည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ငါး မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပေါများလာစေရေးနှင့် ငါးမျိုးစေ့များစွာ ပိုမိုပေါက်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ် ငါးမျိုးစေ့ စိုက်ထည့်ခြင်းအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုမြန်မာနှစ်သစ်ကူး အခါသမယတွင် ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာထမ်း/အမှုထမ်း ဝန်ထမ်းအင်အား (၉၀)ကျော်တို့က စုပေါင်းပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။