အားကစားရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁၇ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားကွင်း/အားကစားရုံများအား အဆင့်မြှင့်တင်တည်ဆောက်ခြင်းများနှင့် ဘဏ္ဍာနှစ်များအလိုက် ထပ်တိုးတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းတွင် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးသည် လူမှုရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)သို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် အရည်အသွေး၊ စံချိန်/စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် […]

တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နှစ် ၇၀၀ အားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား ကွင်းဆင်းစစ်ဆေး

Loading

တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နှစ် ၇၀၀ အားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား ကွင်းဆင်းစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁၃ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဆင့်မီအရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တည်ဆောက်ပေးနိုင်စေရေး နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် အားကစားကွင်းများသို့သွားရောက်၍ နယ်မြေကွင်းဆင်းစစ်ဆေးခြင်းများ […]

အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အား/ကာသိပ္ပံများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အား/ကာသိပ္ပံများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၁ အားကစားရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ သား/သမီးများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံများမှ သင်တန်းသား/သင်တန်းသူများအနက် ပညာရေးပိုင်းတွင် ထူးချွန်သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားဖြစ်ပါ ကြောင်း၊ မိမိတို့အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် […]

၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၃)ခုဖြင့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အမျိုးသားတံခွန်စိုက်ပထမဆုဖလား ဆွတ်ခူးရရှိ

Loading

၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၃)ခုဖြင့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အမျိုးသားတံခွန်စိုက်ပထမဆုဖလား ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၁၂ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား အောင် ဆက်လက်ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ” အား ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျပန်နိုင်ငံ […]

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး) Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး) Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၁၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ အမျိုးသား (+၆၃၊ -၆၀၊ -၇၃)ကီလိုတန်းနှင့် အမျိုးသမီး(-၇၃၊ -၆၃၊ +၇၃)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် […]

ပြည်ထောင်စုဝန်ကြီး၊ ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၉ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ အားကစား ဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၉ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ လူငယ်မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ ပေါ်ထွက် လာစေရေး၊ အရည်အသွေးမြင့် လက်ရွေးစင်အားကစားသမားများ ရွေးချယ်မွေးထုတ်ပေးနိုင်စေရေးနှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး […]

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၇။ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စု ပတ်လည်နောက်ဆုံးပွဲစဉ်များအဖြစ် ပညာရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာနအသင်းက အားကစားရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ […]

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Fire Dragon International Futsal Cup -2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ 2027 AFC U 20 Asian Cup Qualifiers ပြိုင်ပွဲအား ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Fire Dragon International Futsal Cup -2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ 2027 AFC U 20 Asian Cup Qualifiers ပြိုင်ပွဲအား ကြည့်ရှုအားပေး ရန်ကုန်၊ စက်တင်ဘာ ၆။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာအားကစားခန်းမသို့ သွားရောက်၍ အားကစားခန်းမအားလည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် မြသီတာ ဘောလုံးကွင်း အလျား ၁၀၀ ပေ x အနံ ၄၀ ပေ အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှု […]