အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ

Loading

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ ဘားအံ၊ ဩဂုတ်လ(၁၃)ရက်။ ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအားပေးဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာပြက္ခဒိန်ရေးဆွဲပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ရက်သတ္တပတ်လှုပ်ရှားမှုများ စသည့်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင် ကြိုးစားကြပြီး […]

၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

Loading

၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား နေပြည်တော် ဩဂုတ် ၁၂။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ နေပြည်တော်ရှိ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည့်သတင်း

၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်ဇနီး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်နှင့်ဇနီး ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၂)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စု ပတ်လည် ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၇)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးက ချင်းပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက် (၉)နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ […]

အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲတွင်ရွှေ နှစ်ခု ၊ငွေ နှစ်ခု ဆွတ်ခူးရရှိခဲ့ သောမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲတွင်ရွှေ နှစ်ခု ၊ငွေ နှစ်ခု ဆွတ်ခူးရရှိခဲ့ သောမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ သြဂုတ်လ ၁၂ရက်။ အင်ဒိုနီးရှားနိုင်ငံ၊ဘာတန်ကျွန်းတွင် သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်း(အုပ်ချုပ်သူ) ဦးဆောင်၍ (ဒိုင်)တစ်ဦး (နည်းပြ)တစ်ဦးနှင့် ကစားသမား ခုနှစ်ဦးပါဝင်သောနိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရမြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၃ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ၊ အတွင်းရေးမှူးဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦး ကျော်မင်းသန်းနှင့် တာဝန်ရှိသူများ ၊ […]

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအမှတ်ပေးဘောလုံးပြိုင်ပွဲအား (၁၁.၈.၂၀၂၄)ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၁)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေ‌ရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်း ကောင်း၊ ဆက်လက်ပြီး (အမျိုးသမီး) အုပ်စုပတ်လည်ပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို […]

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဩဂုတ် ၁၀ရက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှညွှန်ကြား‌ရေးမှူးများနှင့်တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘင်ခရာအဖွဲ့ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် အားကစားသမားများတက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကမ္ဘာပေါ်တွင်လူဦးရေ(၈)ဘီလီယံခန့်ရှိရာ ကမ္ဘာ့ လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်ကြကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် လူငယ်များ ၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုရန် […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ သြဂုတ် ၁၀။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဖူဆယ် အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ […]