အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တောင်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကျင်းပ

ဩဂုတ်လ ၁၂ ရက်၊ တောင်ကြီးမြို့

၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်ဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဆွေဝင်း ၊ ပြည်နယ်ရဲမှူးချုပ် ကျော်ကျော်ဟန် ၊ ပါမောက္ခချုပ်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကျောင်းသား / ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ၊ ထူးချွန်ဆုရရှိကြသူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အစီအစဉ်အရ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပြီး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များမှာ လူငယ်များ၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလူငယ်များရင်ဆိုင် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနားလည်ကာ လိုအပ်သည့်မူဝါဒ ၊ မဟာဗျူဟာ ရေးဆွဲချမှတ်အကောင်အထည်ဖော်နိုင်ရန်အတွက်လည်းကောင်း ၊ ၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ဆုံးဖြတ်ချက်အမှတ် ၊ ၅၄ / ၁၂၀ ဖြင့် ဩဂုတ်လ (၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါကြောင်း ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားများကို ကုလသမဂ္ဂကကြီးမှူးပြီး ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ်စတင်ကျင်းပပြုလုပ်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့အစိုးရအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်ကာ နှစ်စဥ်ဩဂုတ်လ (၁၂)ရက်နေ့မှာ လူငယ်များအားအသိအမှတ်ပြုဂုဏ်ပြုအခမ်းအနားများ ကျင်းပပြုလုပ်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာလည်းရပ်ရွာအကျိုးပြုလုပ်ငန်းများ ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များမှာလည်း လူငယ်များတက်ကြွစွာပါဝင်လာစေရန်နဲ့ လူငယ်များရဲ့အသံ ၊ လိုလားချက်များအပေါ်တာဝန်ရှိသူများက ပိုမိုသိရှိနားလည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်စတဲ့ရည်ရွယ်ချက်များနဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားများကို အခြားသောကမ္ဘာ့နိုင်ငံများနည်းတူနှစ်စဥ် ဩဂုတ်လ (၁၂)ရက်မှာကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်းအစရှိသည်များကိုပြောကြားသွားကာ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးမှကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏၂၀၂၅ခုနှစ်၊အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက်ပေးပို့သည့်သဝဏ်လွှာအားဖတ်ကြားခဲ့ပါသည်။

ဆက်လက်ပြီး ပညာရေးဒီဂရီကောလိပ်မှသင်တန်းသား/သင်တန်းသူလေးများက ” လူငယ်စွမ်းရည်” နှင့် ” ထာဝရပြည်ထောင်စု “ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်း ၊ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းVideo Clip အားပြသခဲ့ကာ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ တရားသူကြီးချုပ် ၊ တိုင်းမှူးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှနိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်ကစားသမားများ၊အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်ကစားသမားများ၊စာစီစာကုံးနှင့်ဆောင်းပါပြိုင်ပွဲများတွင်ဆုရရှိခဲ့သောကျောင်းသား / ကျောင်းသူများ ၊ ထူးချွန်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ကပြဖျော်ဖြေခဲ့သည့်အဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးအခမ်းအနားပြီးမြောက်ကြောင်းကြေညာခဲ့ပါသည်။