အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်မြို့တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအားလိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဩဂုတ်လ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များက ကြိုဆို ကြပြီး ဒုတိယဝန်ကြီးက ပဏာမလက်ရွေးစင်အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစား သမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကို အထူးဂရုစိုက်ရန်၊ စည်းကမ်းရှိပြီး စနစ်တကျလေ့ကျင့်ကြိုးစားကာ အကောင်းဆုံးလုပ်ဆောင်ကြရန်၊ နိုင်ငံနှင့်လူမျိုးအပေါ် တာဝန်ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် အဆင့်၌ တိုးတက်မြင့်မားအောင်ကြိုးစားကြရန်မှာကြားပြီး ပဏာမလက်ရွေးစင် (အမျိုးသား)ဘော်လီဘောအားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ်ကွင်းသို့ရောက်ရှိပြီး ရုံးခန်း၊ အစည်းအဝေးခန်း၊ အိပ်ဆောင်၊ ထမင်းစားဆောင် တို့အား ကြည့်ရှုစစ်ဆေး၍ ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ လေ့ကျင့်နေမှု အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင် Kabaddi အားကစားသမားများ လေ့ကျင့်နေမှုအားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Arena Fitness & Sports အားကစားခန်းမ၌ လေ့ကျင့်နေသော ပဏာမလက်ရွေးစင် ဂျူဂျစ်ဆု အားကစားသမားများလေ့ကျင့်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရှိရသည်။