အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးထိန်လင်း ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်မည့်အိပ်ဆောင်များ၊ ဧည့်ခံကျွေးမွေးမည့်နေရာနှင့် ချက်ပြုတ်ပြင်ဆင်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်‌ဆေး

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်မည့်အိပ်ဆောင်များ၊ ဧည့်ခံကျွေးမွေးမည့်နေရာနှင့် ချက်ပြုတ်ပြင်ဆင်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်‌ဆေး နေပြည်တော်၊ ဇန်နဝါရီ ၂၅ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ တည်းခိုနေထိုင်မည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားသောက်မည့်နေရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများရောင်းချမည့် ဆိုင်ခန်းနေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်းခိုနေထိုင်ရာ တွင် အဆင်ပြေချောမွေ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အခက်အခဲမရှိစေရေးတို့အတွက် လိုအပ်သည်များ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် Cluster – 9 စားရိပ်သာတွင် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော် ဇန်နဝါရီ ၂၃ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် တေးသီးချင်းဖြင့် သီဆိုတင်ဆက်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များ […]

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ အတည်ပြုနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ အတည်ပြုနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၂။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ အတည်ပြုနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အားကစားနည်း ၅၀ နည်းခန့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားရာတွင် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇန်နဝါရီ ၂၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ အားကစားနည်း ၅၀ […]

“ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ

Loading

“ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန်ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံကကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(Media Press Room)၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ်ကိုတန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များရှိပြီး နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်အညီ သိက္ခာရှိရှိနေထိုင်သွားကြရန်လိုအပ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများနှင့်ဆက်စပ်လုပ်ဆောင်ရာတွင် Communication Skill များ ကောင်းရန်လိုအပ်ပါကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသည့် […]

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကာ/သိပ္ပံ(ရန်ကုန်) ISPE ဘောလုံးအသင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အား/ကာဦးစီးဌာန(ရန်ကုန်) ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကာ/သိပ္ပံ(ရန်ကုန်) ISPE ဘောလုံးအသင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အား/ကာဦးစီးဌာန(ရန်ကုန်) ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား ရန်ကုန် ၊ ဇန်နဝါရီလ (၁၇)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူတို့လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ISPE ဘောလုံးအသင်းအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းသား/သင်တန်းသူများအ‌ပေါ် အနှစ်ချုပ်သုံးသပ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ကုန်မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် သိပ္ပံကျောင်းဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ […]

နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ နေပြည်တော် ဇန်နဝါရီ ၁၆ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ပြန့်ပွားအောင်ဆောင်ရွက်နေပြီး […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း

၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

Loading

၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွှေပြည်သာအားကစားကွင်းတွင် ကျင်းပလျက်ရှိသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား တာဝန်ရှိသူ များနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်းနှင့် (အမျိုးသမီး)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အသင်းများ၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်း (အမျိုးသား)သုံးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၀)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် […]