အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။

ယနေ့ပီတန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး Shooting ပြိုင်ပွဲ တစ်ဦးချင်း (Single) ပြိုင်ပွဲ၊ Mixed Triple နှင့် Mixed Douple လက်ရည်စစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ Shooting ပြိုင်ပွဲတွင် သတ်မှတ်ရမှတ်ရရှိခဲ့သည့် ခင်ချယ်ရီသက်ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ Mixed Team ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed Triple အသင်းမှ အားကစားသမားများဖြစ်သည့် ဝင်းသူရိန်ထွန်း၊ တင်တင်ဝေနှင့် ယဉ်ယဉ်ဝင်းရှိန်တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးကလည်းကောင်း၊ တစ်ဦးချင်း (Single) ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် (Gold Camp)မှ အားကစားသမားများဖြစ်သည့် ခင်ချယ်ရီသက်၊ တင်တင်ဝေ နှင့် ဝင်းသူရိန်ထွန်းတို့ကို မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမိုးအောင်ကလည်းကောင်း၊ တစ်ဦးချင်း (Single) ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် (Youth Camp)မှ အားကစားသမားများဖြစ်သည့် သော်ဇင်သန့်၊ မိုးမိုးဦးနှင့် မျိုးသီတာအေးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် အားကစားသမားများ ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရန်အတွက် ယခုလိုလက်ရည်စစ်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပီတန်းအားကစားနည်း ဖြင့် အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်နှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။