အားကစားရေးရာဝန်ကြီးဌာန

နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁၇)ရက်။ မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ ရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန်ရည်ရွယ်၍ […]

ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းမြေနေရာ ငှားရမ်းခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Loading

ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းမြေနေရာ ငှားရမ်းခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက် နေပြည်တော်၊ မတ်(၁၄)ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination Committee meeting of the 6th Asian Indoor and Martial Art Games ) သို့ တက်ရောက်ခဲ့ပြီး အာရှရုံတွင်းအားကစားနည်း(၃၅)နည်းနှင့် Demonstration အားကစားနည်း(၂)နည်းတို့အား ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

Loading

ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ စစ်မှုထမ်းဟောင်းကြီးကြပ်မှုအဖွဲ့ရုံး၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပခဲ့သည်။ အခမ်းအနား၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်(၁၀)ရပ်တွင် ပါရှိသည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ပေးရေးစီမံကိန်းအရ လုပ်ငန်းခွင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး ယခု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူငယ်များအလုပ် အကိုင်ရရှိရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အမှန်တကယ် အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေး (ကာလတို) သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် အစည်းအဝေး (SEAGF Office Meeting)တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် အစည်းအဝေး (SEAGF Office Meeting)တက်ရောက် နေပြည်တော်၊ မတ် (၁၂)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေး (SEAGF Office Meeting) သို့ အရှေ့တောင်အာရှ အဖွဲ့ဝင်(၁၁) နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။ဦးစွာအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ၂၀၂၁ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား တောင်ကြီး၊ မတ် (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန််းမြင့်ဦး ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီ) ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ တို့သည် ယနေ့ မနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ် အစည်းအဝေးခန်းမ၌ ပြည်နယ် / ခရိုင် / မြို့နယ်များ မှ အရာထမ်း / အမှုထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော အရာထမ်း / အမှုထမ်း များမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် အဓိက […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ထိုင်းနိုင်ငံ အိုလံပစ်အမျိုးသားကော်မတီ (NOCT) Deputy Secretary General၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ထိုင်းနိုင်ငံ အိုလံပစ်အမျိုးသားကော်မတီ (NOCT) Deputy Secretary General၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေး နေပြည်တော်၊ မတ် (၁၂)ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့နေ့လည်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ဧည့်ခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် UIPM 2023 […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ မတ် (၁၀)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် အာရှ ရုံတွင်းကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination  Committee meeting  of  the  6th Asian Indoor and Martial Art Games )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  အားကစားနှင့်ကာယပညာဦးစီးဌာန  ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယနေ့ည (၇)နာရီအချိန်တွင် […]