မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ဘားအံ၊ စက်တင်ဘာ ၂၆။ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကိုကရင်ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၂)တွင် (၂၆.၉.၂၀၂၃)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ပြီး လူငယ်ရေးရာဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် လူငယ်ရေးရာရုံးနှင့် ဇွဲကပင်အားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ်
![]()
ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ် တောင်ကြီး၊ စက်တင်ဘာ ၂၇။ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် ၊ နည်းပြသင်တန်းမှ အသစ်သတ်မှတ်ထားသော လေ့ကျင့်ခန်း (၃၀)မျိုးတို့အား စနစ်သစ်များကို ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ကြမည့် အားကစားသမားများ သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ၂၅.၉.၂၀၂၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဆင့်ပွားနည်းပြဆရာမ စုစုပေါင်း(၃၈)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၂၉.၉.၂၀၂၃ရက်နေ့ထိ (၅)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၇.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၇.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက် (၂၅)နှစ်အောက်အမျိုးသား၊အမျိုးသမီးဘော်လီဘောဆုချီးမြှင့်ပွဲကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက် (၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၂၈)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘော ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၂၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး အမျိုးသားပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ကစားကြရာတောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး ပြိုင်ပွဲယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။ ဆက်လက်ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုချီးမြှင့်ရာအကောင်းဆုံးစပေးဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးနှင့်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၇)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဝူးရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၁၀)နာရီအချိန်က ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ စန္ဒီဦးက ကျန့်စု(ခေါ်) နှစ်ဖက်သွားဓါးနှင့် ချန်းစု(ခေါ်) လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်(၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ နိုင်ငံအလိုက် မြတ်နိုးအိမ်က အဆင့်(၁၁)၊ စွမ်းရည်ထက်နိုင်က အဆင့်(၁၇)၊ အေးသစ္စာမြင့်က […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ ၂၆.၉.၂၀၂၃ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကရင်ပြည်နယ် ဇွဲကပင်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် “ လူငယ်စကားဝိုင်း” အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်ဝန်ကြီးများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်မှ လူငယ်စကားဝိုင်းဆွေးနွေးခဲ့သူများ၊ ဖျော်ဖြေတင်ဆက်အားကစားသရုပ်ပြသူများအား ဂုဏ်ပြုငွေချီးမြှင့်ခြင်း ဒုတိယဝန်ကြီးမှ ပညာရေးဌာနနှင့်အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု
![]()
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု နေပြည်တော်၊ စက်တင်ဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Cluster (3)ရှိ Judo Training Hall ၌ Park Trainers Association မှ ဂျပန်နည်းပြဆရာများဖြစ်ကြသည့် NAKAJIMA YOSHIKAZU, NAKAJIMA YOSUKE, HOSHINO SEIYA, OTAKE REN, ABE YAMATO တို့က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အုပ်ချုပ်/နည်းပြများ၊ […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၆)ရက်။ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာE-Sports(Dota-2) အားကစားအဖွဲ့မှ နည်းပြ (၁)ဦးနှင့်အမျိုးသား အားကစားသမား (၅)ဦးတို့သည် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။