၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ကွာတားဖိုင်နယ် ပွဲစဉ် များအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ရမှတ် (၃၃)မှတ်၊ ရမှတ်မရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရမှတ်တူ(၈)မှတ် ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ရမှတ်(၂၅)မှတ်၊ (၁၂)မှတ်ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ် များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။ ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်း နှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် များအနေဖြင့် မည်သူမဆို အခမဲ့ […]
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို တက်ရောက်သည့်သတင်း

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို တက်ရောက်သည့်သတင်း
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲ စတင်ကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့ကြား၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ လွန်ဆွဲ ပြိုင်ပွဲ ပထမနေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်ဆရာကြီးများနှင့် သိုင်းပညာရှင်ဆရာကြီးများကလည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား နေ့လယ်စာ ပြင်ဆင်ဧည့်ခံကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား နေ့လယ်စာ ပြင်ဆင်ဧည့်ခံကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိရာ အဆိုပါအဖွဲ့များအား Gold Medal Hall ၌ နေ့လည်စာ ပြင်ဆင်ဧည့်ခံကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်းခိုနေထိုင် စားသောက်ရေးအဆင်ပြေချောမွေ့စေရန်နှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်သည့်သတင်း

၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်သည့်သတင်း
ပြည်နယ်/တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ပြည်နယ်/တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၅) နှစ်အောက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးက လူငယ်လူရွယ်များ အားကစားကို လေ့ကျင့်လိုက်စားကြစေရန်၊ အချင်းချင်း ရင်းနှီးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ Myanmar Fitness Dance ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး […]
ပြည်နယ်/တိုင်းဒေသကြီး ဒီဇင်ဘာလ(ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ပြည်နယ်/တိုင်းဒေသကြီး ဒီဇင်ဘာလ(ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ကရင်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံး ပါဝင်သည့် ကိုယ် လက်လှုပ်ရှားအားကစားကို နေ့စဉ် ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)နှင့် အခြေခံပညာကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်တို့မှစုပေါင်း ပါဝင်ဆင်နွဲခဲ့ကြသည်။ လမ်းလျှောက်ပွဲ စုရပ်ကို မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှာ ပြုလုပ်ပြီး […]
ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် “၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲ”ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား (၃၆၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။ လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်လမ်းကြောင်း များအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂) နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး နောက် အားကစားနှင့်ကာယပညာဦးစီးဌာနက ရေသန့်ဗူး၊ […]