အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအ့သည် ယနေ့ နေ့လယ်(၁၄း၁၅)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတိုက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး (၆၀)ကီလို လက်ရည်စစ်ပွဲတွင် မနှင်းနန္ဒာဦးမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဓားအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ ၇။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသမီး Event 2 ပွဲစဉ်၌ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ တောင်ကြီး မေ ၀၆ ။  မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၅)ရက်၊ ညနေ(၅)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်ရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၅၁/၂၀၂၁)ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် လူငယ်ရေးရာဦးစီးဌာနကို ထပ်မံဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး […]

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ်ဆုဆွတ်ခူးရရှိ

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ်ဆုဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၆)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ ဒေသစံတော်ချိန် နံနက် (၈)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ်(အမျိုးသမီး)နှစ်ယောက်တွဲအပြ ပြိုင်ပွဲ၌  (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနှင့်ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင် တို့အတွဲက ပထမဦးဆုံး(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်းနိုင်ငံက လည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို အင်ဒိုနီးရှားနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့က အသီးသီး ရရှိခဲ့ကြသည်။ ဆက်လက်၍ (အမျိုးသား) လေးယောက်တွဲ-အပြ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု (၆.၅.၂၀၂၃)

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု (၆.၅.၂၀၂၃)

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၇.၅.၂၀၂၃ ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် ပွဲစဥ်ဇယား

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၇.၅.၂၀၂၃ ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် ပွဲစဥ်ဇယား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပီတန်းအားကစားနည်းနှင့် ဗိုဗီနမ်အားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပီတန်းအားကစားနည်းနှင့် ဗိုဗီနမ်အားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစား နည်းနှင့် ဗိုဗီနမ်အားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှု အားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး(၂)ယောက်တွဲအပြ ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့မှလည်းကောင်း၊ အမျိုးသား (၄)ယောက်တွဲအပြ ပွဲစဉ်တွင် မောင်အောင်ခိုင်လင်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်ရာဇာထွန်းတို့မှ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားလက်သိုင်းအပြ ပွဲစဉ်တွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက် တောင်ကြီး၊ မေလ(၅)ရက်။      အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားဆိုင်ရာကိစ္စရပ်များတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ချီးမြှင့်မှုများသည့် ရေကူးအားကစားနည်း သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဌာန၏အားကစားရည်မှန်းချက်များအောင်မြင်ရေးနှင့် ရှမ်းပြည်နယ်၏အားကစား ယခုထက် ပိုမို ဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးအားကစားကွင်းရုံများအား စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် ကမ္ဘောဒီးယား၊ မေ(၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ဒေသစံတော်ချိန်(၅)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် President of NOC Cambodia (SEAGF) Dr. Thong Khon နှင့် Cambodia SEA Games Organizing Committee Chairman (CAMSOC) Samdec Puchey Sena Tea […]