အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဩဂုတ် (၃၀)။

အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ်အ.ထ.က(၁)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုဥက္ကဌနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က အားကစားပစ္စည်းများပေးအပ်လှူဒါန်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးတို့က အားကစားနှင့်လူငယ်ရေးရာများဟောပြောခဲ့ကြပါသည်။

ဝူရှူးအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ သရုပ်ပြသကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကသရုပ်ပြအဖွဲ့များအား ထောက်ပံ့ငွေပေးများပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား အားကစားဆိုင်ရာ ဉာဏ်စမ်းမေးခွန်များမေးမြန်းခဲ့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။