အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီး၊ ဩဂုတ်လ(၃၀)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၀.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရခိုင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို(၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းကို (၆)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးအားကစားသမား ဆုများကို ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၇) မသဲနုဝေနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၇) မခင်စန်းဝင်းတို့ ရရှိခဲ့ကြသည်။

အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်(ကြီးကြပ်) ဒေါ်သီတာဦးနှင့် မြန်မာနိုင်ငံဘော့လုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၃၁.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်း တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တောင်ကြီး တက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစား‌ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။