အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ(၃၁.၈.၂၀၂၃)

တောင်ကြီး ဩဂုတ်လ(၃၁)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၁.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၉) မိုးပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀) ရှင်းသန့်ဖြူဇင်ပြုံးတို့ ရရှိခဲ့ကြသည်။

အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား လွိုင်လင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

(၂.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ကရင်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တောင်ကြီး တက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစား‌ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။