အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း/ အားကစားရုံနှင့် လယ်ဝေးမြို့နယ် Training Center(TC-2) ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။