အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက် နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ

Loading

ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက် နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နေ့လယ် (၁:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ(၄)ခုမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနအတွက်လိုအပ်သော ရုံးသုံးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ယခုလတွင် ဘဲဥ(၁၀)လုံး ထောက်ပံ့ပေးသကဲ့သို့ လစဉ် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌနှင့် နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ မြန်မာမြားပစ်အားကစားအဖွဲ့မှ နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့သည် ယနေ့ နေ့လယ်(၁၁)နာရီတွင် လေယာဉ်အမှတ် CZ-3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ အောက်တိုဘာ(၁)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်းပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ်(အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ကစားသမား(၈၄)ဦးအနက် စုစုပေါင်းရမှတ်(၆၃၉)မှတ်၊ အဆင့်(၃၀)ဖြင့်လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် […]

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၃၀)ရက်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်အတူ အဖွဲ့ဝင်(၁)ဦးတို့သည် ယနေ့ နံနက်(၀၈: ၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M-231 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာ လ(၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၅:၁၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက […]

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၉)ရက်။ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေး ၊ အမျိုးသမီးထုအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အမျိုးသမီးများပေါ်ထွက်လာစေရန် ၊ အမျိုးသမီးထု၏ ကာယ ၊ ဥာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဗလ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန် ၊ တိုးတက်ပြောင်းလဲလာတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းအသစ်များကို သိရှိလာစေရန်နှင့် မိမိတို့၏ ခရိုင်/မြို့နယ်များတွင် ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချနိုင်စေရန်တို့အတွက် ၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း( Aerobic )ဆင့်ပွားနည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃)အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာလ(၂၈)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ ညနေ ဒေသစံတော်ချိန်(၇)နာရီခွဲတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Sports Center Stadium ၌ ကျင်းပလျက်ရှိသည့် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ (၂၈.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဂျပန်အသင်းက မြန်မာအသင်းကို (၇)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ Wenzhou Sport Center Stadium […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ မော်လမြိုင် စက်တင်ဘာလ(၂၈)ရက်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပသည်။ ဦးစွာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ် လူငယ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့“ ဆိုတဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရာ ကလေးတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့ […]