အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

ဟန်ကျိုး၊ အောက်တိုဘာ(၁)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်းပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ်(အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ကစားသမား(၈၄)ဦးအနက် စုစုပေါင်းရမှတ်(၆၃၉)မှတ်၊ အဆင့်(၃၀)ဖြင့်လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် (၈၄)ဦး အနက် စုစုပေါင်းရမှတ်(၅၇၈)မှတ် အဆင့်(၆၃)ဖြင့်လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ဆက်လက်၍ ဒေသစံတော်ချိန် နံနက်(၉)နာရီအချိန်တွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်းလွဲ(၂)နာရီအချိန်တွင် မြန်မာအသင်းက ဂျပန်အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၂)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၉)နာရီအချိန်တွင် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား (၄)ယောက်တွဲပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မွန်းလွဲ (၂)နာရီအချိန်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ အမျိုးသမီး (၄)ယောက်တွဲပြိုင်ပွဲအဖြစ် မွန်းလွဲ (၂)နာရီအချိန်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ နံနက် (၉)နာရီအချိန်တွင် မြားပစ်အားကစားနည်းမှ Recurve Mixed Team ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။