အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာလ(၃၀)ရက်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်အတူ အဖွဲ့ဝင်(၁)ဦးတို့သည် ယနေ့ နံနက်(၀၈: ၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M-231 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။