အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

ဟန်ကျိုး၊ စက်တင်ဘာလ(၂၈)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ ညနေ ဒေသစံတော်ချိန်(၇)နာရီခွဲတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Sports Center Stadium ၌ ကျင်းပလျက်ရှိသည့် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

(၂၈.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဂျပန်အသင်းက မြန်မာအသင်းကို (၇)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ Wenzhou Sport Center Stadium ၌ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းက မြန်မာ့လက်ရွေးစင်အသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ထို့နောက် ဒေသစံတော်ချိန် နေ့လယ်(၂)နာရီတွင် ဟန်ကျိုးမြို့ E-Sports Center ၌ ကျင်းပပြုလုပ်သည့် E-Sports အားကစားနည်း PUBG ပြိုင်ပွဲတွင် မြန်မာအသင်းက Round-1 နှင့် Round-2 တွင် ပြိုင်ဖက် အသင်းများကို အနိုင်ရရှိခဲ့ပြီး နောက်တဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

(၂၉.၉.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံမှ E-Sports အားကစားနည်း PUBG ပြိုင်ပွဲနှင့် DOTA-2 ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။