(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ
ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌနှင့် နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ မြန်မာမြားပစ်အားကစားအဖွဲ့မှ နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့သည် ယနေ့ နေ့လယ်(၁၁)နာရီတွင် လေယာဉ်အမှတ် CZ-3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။


