အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ(၁၆)။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှုးက ဟောပြောပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ(၁၅)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၆)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား (၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(၈၁) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအဖြစ် အမျိုးသား(၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၈၁)ကီလိုပြိုင်ပွဲတွင် မောင်ခွန်မောင်ခင်(ရှမ်း)က ပထမ၊ မောင်သန်းမျိုးထွန်း(မကွေး)က ဒုတိယ၊ မောင်နေလင်းဦး(ရန်ကုန်)က တတိယဆုများကို လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)က ပထမ၊ မအေးစန္ဒာဝင်း(မကွေး)က ဒုတိယနှင့် မရွှေရည်ဖူး(မကွေး)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသား(၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)က ပထမ၊ မောင်အောင်ထက်ဟိန်း(မန္တလေး)က ဒုတိယ၊ မောင်လွင်ထူးခန့်(မကွေး)က တတိယဆုများကို […]

ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ် ဖတ်ကြားခြင်းအခမ်းအနားကျင်းပ

Loading

ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ် ဖတ်ကြားခြင်းအခမ်းအနားကျင်းပ ဗန်းမော်၊ စက်တင်ဘာ ၁၄။ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဗန်မော်တက္ကသိုလ်တွင် “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့် ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ် အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်က ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာပါမောက္ခချုပ်ဒေါက်တာ နေသွယ်ကြည်က အမှာစကားပြောကြားသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများက အသုံးချသုတေသန Project များ ခင်းကျင်းပြသထားမှုကို စိတ်ပါ၁ဝင်စားစွာ လှည့်လည်ကြည့်ရှုကြသည်။ ကျောင်းသားကျောင်းသူများက ဒေသအကျိုးပြု စာတမ်းငယ်များ ဖတ်ကြားခြင်း၊ ဉာဏ်စမ်းမေးခွန်းများ […]

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ

Loading

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၄)။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရန်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ်အားကစားသမားများအား ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းမြားပစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အမျိုးသား/အမျိုးသမီး (Recurve) တတိယလုပွဲနှင့် အမျိုးသား/အမျိုးသမီး (Compound) တတိယလုပွဲများကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Compound) ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (Recurve ) ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး (Compound) တစ်ဦးချင်းပြိုင်ပွဲတွင် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ပြုလုပ်သည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲသို့ တက်ရောက်သည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ပြုလုပ်သည့် မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲသို့ တက်ရောက်သည့်သတင်း

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၄)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ တတိယနေ့ ပွဲစဉ်များအဖြစ် အမျိုးသား (၆၇) ကီလိုပြိုင်ပွဲ၊ အမျိုးသား(၇၃)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၅၉)ကီလိုပြိုင်ပွဲများအား ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား (၆၇)ကီလိုပြိုင်ပွဲတွင် မောင်ထက်ညီညီနိုင်(ဧရာဝတီ)က ပထမ၊ မောင်ဝမ်ကြာလည်(စစ်ကိုင်း)က ဒုတိယ၊ မောင်ကျော်ဖြိုးလတ်(ရန်ကုန်)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသမီး (၅၉) ကီလိုပြိုင်ပွဲတွင် မဧပရယ်ထွန်း(ဧရာဝတီ)က ပထမ၊ မဆုမြတ်မွန်(ရန်ကုန်)က ဒုတိယနှင့် မအေးယုခိုင်(မကွေး)က တတိယဆုများ ကိုလည်းကောင်း၊ အမျိုးသား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည့်သတင်း

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး (၄၉)ကီလိုပြိုင်ပွဲတွင် မနော်အယ်ကညောဂျော့(ဧရာဝတီ)က ပထမ၊ မထက်ထက်ထွေး (စစ်ကိုင်း)က ဒုတိယ၊ မမာမာထွေး (မန္တလေး)က တတိယနှင့် အမျိုးသား(၆၁)ကီလိုပြိုင်ပွဲတွင် မောင်မြတ်ကျော်သူ (ဧရာဝတီ)က ပထမ၊ မောင်ဝေလွင်ဖြိုး (မန္တလေး)က ဒုတိယနှင့် မောင်အောင်နိုင်လင်း(ရန်ကုန်)က တတိယ၊ အမျိုးသမီး(၅၅ )ကီလိုပြိုင်ပွဲတွင် မသက်မွန်မြင့် (မကွေး)က ပထမ၊ မအေးစန္ဒာ […]