၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ […]
မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် သြဂုတ်(၁၉)။ မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင်၊ ဒေါ်ရီရီဝင်း၊ဒေါ်အေးအေးညွှန့်၊ ဒေါ်ခင်ညို၊ အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးရွှေနှင့် အလုပ်အမှုဆောင်များ၊ အသင်းကလပ်မှကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြာပြီး Lighting နှင့် ပန်ကာများအတွက် Main Sponsor ဖြစ်လှူဒါန်းပေးသော ဦးမျိုးထိန်ဝင်းနှင့် ဒေါ်မီမီဆွေ (မြန်မာ့ရတနာစိန်ရွှေရတနာဆိုင်)တို့အား ဒုတိယဥက္ကဋ္ဌများက ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။ ဆက်လက်၍ Club အသီးသီးမှ စုစုပေါင်းလူဦးရေ(၁၂၀)ဦးခန့်က Fit GYM ၏ Yoga Instructor ဖြင့်(၁၅)မိနစ် […]
၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၈)။ ၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အာဆီယံနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေမေးခွန်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်၊ ဒုတိယဆုရရှိသည့် မချယ်ဇင်ဝင်းနှင့် တတိယဆုရရှိသည့် မသင်းသင်းခိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် […]
အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ တောင်ကြီး၊ သြဂုတ်-၁၇။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့်အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကိုသြဂုတ်(၁၇)ရက်မွန်းလွဲ(၂)နာရီကအား/ကာသိပ္ပံ (တောင်ကြီး) ရေကူးကန်၌ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကသင်တန်းကိုဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးအရည်သွေးမြှင့်မားသည်အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှထူးချွန်ထက်မြတ်သည့်မျိုးဆက် သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ကျား(၂၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် လူငယ်၊လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ငယ်ရွယ်နုပျိုစဥ်တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန်မျှော်လင့်မိပါကြောင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြများဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု(၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေးပြီးရေကူးနည်းပြဆရာမှ ရေကူးနည်း(၄)မျိုးဖြစ်သည့် လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်မောင်တန်းကူး၊ အလွတ်ကူး (ခေါ်) လက်ပစ်ကူးခြင်းတို့ကို သရုပ်ပြကူခတ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှလည်း သရုပ်ပြကူးခတ်ခဲ့ကြပါသည်။ […]
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းသို့ တက်ရောက်သည့်သတင်း

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းသို့ တက်ရောက်သည့်သတင်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academyမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်မှန်ကန်စေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို […]
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား နေပြည်တော်၊ ဩဂုတ်(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ၌ အားကစားအခြေခံ ပိုင်းအား တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားလူငယ်များကို အနီးကပ်ပြုစုပျိုးထောင်ပေးရသော အရေးကြီးသည့် လက်ဦးဆရာများဖြစ်သည့်အတွက် “ အစကောင်း မှ အနှောင်းသေချာမည်” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအား အတွေးအခေါ်၊ အယူအဆ မှန်ကန်ပြီး စိတ်ဓာတ်ခံယူချက်ကောင်းမွန်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ […]
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း မော်လမြိုင်၊ ဩဂုတ်လ (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက် (သောကြာနေ့) ညနေ (၁၆:၁၅)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ အားကစားလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နည်းပြများအား သင်တန်းသားများ လေ့ကျင့်သင်ကြားပေးရာတွင်အခြေခံကို ပိုင်နိုင်ကျွမ်းကျင်စွာ အဓိကထား လေ့ကျင့်ရန်၊ သင်တန်းသား များ၏ ယခုလက်ရှိအသက်အရွယ်တွင် စံချိန်သည် အဓိကမဟုတ်၊ နည်းစနစ်မှန်ကန်အောင် အထူးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင် အားကစားအောင်နိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းသားများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်၊ Youth Campနှင့် Gold Camp တို့မှတဆင့် လက်ရွေးစင်ဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ထိုမှတဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ(၁၁)ရက်။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြင့် မီတာ (၅၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲနှင့် မီတာ (၅၀၀)အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ ဒုတိယနေ့ပွဲစဉ်အဖြစ် မီတာ(၅၀၀)(၇)တက်လှော် (အမျိုးသမီး အသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း […]