အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင်ရွှေတစ်ခုရရှိသော မြန်မာပီတန်း အားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင်ရွှေတစ်ခုရရှိသော မြန်မာပီတန်း အားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန်၊ နိုဝင်ဘာလ(၂၈)ရက်။ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက်ကမ္ဘာ့ပီတန်းချန်ပီယံရှစ်( WOMEN & JUNIOR PETANQUE WORLD CHAMPIONSHIP – 2023)ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆုရ မြန်မာပီတန်းအားကစားအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ မြန်မာအသင်းသည်အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခင်ချယ်ရီသက်က Shooting ပြိုင်ပွဲတွင်ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၄၁) နိုင်ငံအနက် မြန်မာအသင်းမှ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ခင်ချယ်ရီသက် သည် ဗီယက်နမ်နှင့်ယှဉ်ပြိုင်ကစားရာရမှတ်(၄၂)ဖြင့် ပထမ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းတွင် ကမ္ဘာ့အဆင့် (၁)ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲသို့အဖွဲ့‌ခေါင်းဆောင် မြန်မာနိုင်ငံပီတန်းအားကစားအဖွဲ့ဥက္ကဌဦးအေးထွန်း၊ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက […]

ပီတန်းအားကစားမယ် ခင်ချယ်ရီသက် ကမ္ဘာ့အဆင့်(၁)ရရှိ

Loading

ပီတန်းအားကစားမယ် ခင်ချယ်ရီသက် ကမ္ဘာ့အဆင့်(၁)ရရှိ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(23 မှ 27)ရက်နေ့ထိ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် WOMEN & JUNIOR PETANQUE WORLD CHAMPIONSHIP 2023 ပြိုင်ပွဲကို မြန်မာပီတန်းအသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ နိုင်ငံပေါင်း (41)နိုင်ငံအနက် မြန်မာအသင်းမှ အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ခင်ချယ်ရီသက်သည် Vietnam နှင့်ယှဉ်ပြိုင်ကစားရာ ရမှတ်()ဖြင့် ပထမဆုတံဆိပ် ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်းတွင် ကမ္ဘာ့အဆင့်()ရရှိခဲ့ကြောင်းသိရှိသည်။ ခင်ချယ်ရီသက်သည် 2019 ခုနှစ် ကမ္ဘာ့ချန်ပီယံ ပီတန်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်() တတိယရရှိခဲ့ပြီး 31 & 32 SEA Games ပြိုင်ပွဲများတွင် အသင်းအတွက် ()နှစ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်တဲ့ မြန်မာပီတန်းအားကစားမယ်တစ်ဦးဖြစ်ပါတယ်။ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး(၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက […]

7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ဆုတံဆိပ်ရရှိမှုအခြေအနေ

Loading

7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ဆုတံဆိပ်ရရှိမှုအခြေအနေ နေပြည်တော်၊ နိုဝင်ဘာ(၂၆)။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၂၅)ရက်နေ့တွင် Four Element Staff Form ပြိုင်ပွဲ၌ တင်ထူးဇော်က ငွေတံဆိပ်(၁)ခုနှင့် 3Male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြေဖူးတို့က ငွေတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိထားကြောင်းသိရှိရပါသည်။ ဆက်လက်ပြီး (၂၆)ရက်နေ့ (၅၄)ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်က ကြေးတံဆိပ်ဆု(၁)ခု၊ Female Self Defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ်ဆု(၁)ခု၊ Pair […]

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/ အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ ကို ယနေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန် ၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အမူဆောင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ယနေ့ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၁)နှစ်နှင့် (၁၂)နှစ် မီတာ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲအဖွဲ့လိုက် အုပ်စုအဆင့် ရှုံးထွက် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲအဖွဲ့လိုက် အုပ်စုအဆင့် ရှုံးထွက် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့်၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ဆက်လက် ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲ၊ (၁)ပွဲ ဖြင့်လည်း ကောင်း […]

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကျင်းပ

Loading

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၂၅)ရက်။ နိုင်ငံတော်အတွက် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာအောင်ရည်ရွယ်၍ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကို ယနေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများ နှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။ ယနေ့ပြိုင်ပွဲတွင် အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၂၀၀)တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ်မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၁)နှစ်နှင့်(၁၂)နှစ် မီတာ (၁၀၀) အလွတ်ကူး […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

နေပြည်တော်၊ နိုဝင်ဘာ(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့်၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ. အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပွဲစဉ်များတွင် ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို(၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို […]