အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ

တောင်ကြီး၊ ဩဂုတ် ၈ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား / ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အသင်းများက တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်ကာ အလေးပြုတန်းအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟာ လူငယ်များရဲ့အခန်းကဏ္ဍအရေးပါမှုကို ဖော်ထုတ်ပေးရန်နှင့် လူငယ်များရဲ့ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုတို့ကို မှန်ကန်တည့်မတ်စေဖို့အားပေးရန် ရည်ရွယ်ကျင်းပပေးတဲ့ နေ့တစ်နေ့ဘဲဖြစ်ပါကြောင်း၊ “ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား” ကို နေပြည်တော်၌ ကျင်းပပြုလုပ်သည့်နည်းတူ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသောဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ယခုလိုလူငယ်များပါဝင်နိုင်တဲ့ အားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များသည် အားကစားကို ချစ်မြတ်နိုးပြီး အားကစားစိတ်ဓာတ်ရင့်သန်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ၂၀၀၀ပြည့်နှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် က ကြေငြာခဲ့သောအစီအမံတစ်ခုအနေဖြင့် ကျင်းပရခြင်းလည်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်များဟာ အနာဂတ်ကို ဦးဆောင်မည့်သူများဖြစ်ကြပြီး မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက် အရေးကြီးသောအခန်းကဏ္ဍမှာ ပါဝင်နေကြတာဘဲဖြစ်ပါကြောင်း၊ လူငယ်များဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာစသဖြင့် မတူကွဲပြားသော ပတ်ဝန်းကျင်အခြေအနေများကို ကြုံတွေ့ရပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကျင်းပခြင်းဟာ လူငယ်များရဲ့အမြင်များကို နားထောင်ပေးရန်၊ အကြံဥာဏ်များကိုထည့်သွင်းစဥ်းစားပေးရန်နှင့် လိုအပ်သောအထောက်အပံ့များကို ဆောင်ရွက်ပေးရန်ရည်ရွယ်ကျင်းပခြင်းလည်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့မှာ ပြည်နယ်အဆင့်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပခြင်းအပြင် အခမ်းအနားကျင်းပမည့်ရက်မတိုင်မီ အကြိုလှုပ်ရှားမှုများအဖြစ် အသက်(၁၅)နှစ်မှ(၃၅)နှစ်အတွင်းရှိ လူငယ်များပါဝင်ယှဥ်ပြိုင်မည့်တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးတာဘဲဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာဘဲ ၂၀၂၄ ခုနှစ်၊ ၁၂.၈.၂၀၂၄ ရက်နေ့မှ ၁၉.၈.၂၀၂၄ ရက်နေ့အထိ နေပြည်တော်မှာကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက် အမျိုးသား / အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်းကို အထူးပြောကြားလိုတာကတော့ ၂၀၂၃ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲမှာ ရှမ်းပြည်နယ်အမျိုးသမီးဖူဆယ်အသင်းဟာ ပထမတံခွန်စိုက်ဖလားနှင့်အမျိုးသား ဖူဆယ်အသင်းဟာ ဒုတိယဆုရရှိခဲ့တဲ့အတွက် ယခုသွားရောက်ယှဥ်ပြိုင်မယ့် အမျိုးသား / အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြပါလို့ ပြောကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ ပထမပွဲစဥ်အဖြစ်အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲဝင် အ.ထ.က(၃) ဘင်ခရာအဖွဲ့၏ ပြိုင်ပွဲယှဥ်ပြိုင်နေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ပြိုင်ပွဲကို (၆.၈.၂၀၂၄)ရက်နေ့တွင် ပြိုင်ပွဲဝင်အခြေခံပညာအဆင့်ဘင်ခရာအသင်း (၁၀)သင်း၊ ပြိုင်ပွဲဝင်ကျောင်းသား / ကျောင်းသူအင်အားစုစုပေါင်း (၅၂၀)ဦး၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ (၆.၈.၂၀၂၄)ရက်နေ့မှ (၉.၈.၂၀၂၄)ရက်နေ့ထိ တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပြိုင်ပွဲဝင် ဘော်လီဘောအသင်း (၁၆)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၂၂၄) ဦး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား / ကျောင်းသူ (၄၁)ဦး၊ တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမ၌ (၆.၈.၂၀၂၄)ရက်နေ့တွင် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား / ကျောင်းသူ (၄၄)ဦးနှင့် ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၉၃၃)ဦးဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် နေရာများ၌ ယှဥ်ပြိုင်သွားကြကာ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ယှဥ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။