အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

ရပ်စောက် ၊ သြဂုတ် (၆)ရက်။

ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နောင်ခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး၊ ဒုဦးစီး(ကာယ) ဆရာမ ဒေါ်အမာကြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ ဆက်လက်၍ အားကစားအမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အားကစားအမှတ်တရလက်ဆောင် အင်္ကျီများပေးအပ်ခဲ့ခြင်းနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းမှ စာဖတ်ချိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ အမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အမှတ်တရ လက်ဆောင် များပေးအပ်ခဲ့ပါသည်။

ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိမှ စာအုပ်/စာစောင်များ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်လက်ရွေးစင် မြန်မာ့သိုင်း သရုပ်ပြအဖွဲ့မှ မြန်မာ့သိုင်းအားကစားနည်းအား သရုပ်ပြသခဲ့ပြီး အားကစားမှူးမှ သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါသည်။ထို့နောက် အားကစားနှင့်လူငယ် သိကောင်းစရာလက်ကမ်းစာစောင်များကို အားကစားမှူးမှ ကျောင်းသား/သူများကို ဖြန့်ဝေခဲ့ပါသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား/သူ အင်အား(၂၄၀)ဦး တက်ရောက်ခဲ့ပါသည်။