အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၇။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၊ အမှတ်(၈၉)ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျောင်းသား/သူ(၂၀၀)ဦးဖြင့် ကျင်းပခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဇာခြည်စိုးငြိမ်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အားကစားနှင့်ပက်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်၊ လူငယ်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်တို့က လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ် (၂၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသန့်က ယာဉ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသော သုတ/ရသ စာအုပ်စာစောင် (၁၀၀)နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးချိုနှင့်ဆရာမများမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး Fitness Danceသရုပ်ပြအဖွဲ့၏နှင့် တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့များက သရုပ်ပြသခဲ့ပြီး ၎င်းသရုပ်ပြအဖွဲ့အား မြို့နယ်အားကစားမှူး ဒေါ်ဇာခြည်စိုးငြိမ်းမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။