အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ

Loading

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ ဧပြီ ၆ ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ရုံးအဖွဲ့မှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြား‌ရေးမှူး ဒေါက်တာ စိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေ နှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်တို့ သည် ယနေ့ […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဧပြီ ၅ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး ရန်ကုန် ၊ ဧပြီ ၄ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်း အားကစားကွင်းသို့ ရောက်ရှိ၍ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး ပွဲကြည့်စင်တာဝန်ယူဆောက်လုပ်မည့် ရှမ်းယူနိုက်တက်ကုမ္ပဏီမှ တာဝန်ရှိသူများအား အဆောက်အဦ ကြံ့ခိုင်မှုရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး ၊ မူလပုံစံမပြောင်းလဲစေဘဲ ပိုမို ကောင်းမွန်အောင် ဆောက်လုပ်ပေးနိုင်စေရေး၊ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်ပေးနိုင်စေရေး၊ ဆောက်လုပ်မည့် လုပ်ငန်းပရောဂျက်များနှင့် သတ်မှတ်ရက်အလိုက် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြပေးသွားရန်လိုကြောင်း၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးနှင့် အမြဲတမ်း သန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်၍ စနစ်တကျ တာဝန်ပေး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည် အရာထမ်းများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည် အရာထမ်းများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကျင်းပ ‎နေပြည်တော်၊ မတ် ၃၀ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည့် အရာထမ်းများနှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် အရာထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ(Multipurpose Hall) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများနှင့် တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများအား တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အမှာစကားပြောကြားရာတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေး ခြင်းများနှင့် ပြောင်းရွှေ့နေရာချထားပေးခြင်းများကို ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များဖြင့် အကြီးအကဲများစိစစ်တင်ပြ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားသို့ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများဆက်လက်ကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းများဆက်လက်ကျင်းပ နေပြည်တော်၊ မတ် ၃၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ကြံ့ခိုင်စွမ်းရည်နှင့် အဓိကအားကစားနည်း အောင်မြင်ခဲ့သည့် အမျိုးသား/အမျိုးသမီး စုစုပေါင်း(၂၈)ဦးတို့အား လူတွေ့ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လူတွေ့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ နည်းပြ/နည်းစနစ် ရာထူး(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀- ၂၂၆၀၀၀) တွင် တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ စုစုပေါင်း(၃၀)ဦးအနက် ရေးဖြေ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူ (၂၈)ဦးတို့အား ကြံ့ခိုင်စွမ်းရည်၊ […]

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၊ မတ် ၂၉ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၌ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး ကသင်တန်းသား/ သင်တန်းသူများ၏ တစ်ဦးချင်းပြိုင်ပွဲ ပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စံမင်းမြတ်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး […]

မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ‎နေပြည်တော်၊ မတ် ၂၈ မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။‎ ‎ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်း(First Aid)သည် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရုတ်တရက်ဖျားနာခြင်းများ ကြုံလာရသည့်အခါတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ဆီမရောက်ခင်ရရှိလာသည့် ပစ္စည်းကိရိယာများနှင့် အရေးပေါ်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ချိန်တွင် ရှေးဦးပြုစုပေးခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ရှေးဦးပြုစုသူတစ်ယောက်အနေဖြင့် အရေးပေါ်ကြုံတွေ့ရသည့် အခြေအနေတွင် စိတ်တည်ငြိမ်မှုရှိစွာ လုပ်ဆောင်နိုင်ခြင်း၊ အချိန်နှင့်အမျှ အရေးကြီးနေသည့်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ပြီး […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ‎နေပြည်တော်၊ မတ် ၂၄ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၁)၌ ကျင်းပခဲ့သည်။‎ ‎ ဦးစွာ အ.ထ.က (၁၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူလူငယ်လေးများက မြန်မာနိုင်ငံကင်းထောက်လူငယ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် လူငယ်များကို အရေးပါသည့် အရင်းအမြစ်များအဖြစ် သတ်မှတ်ပြီး လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒ အဓိကကဏ္ဍ(၁၆)ရပ်အား ထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ချိန်များကို တန်ဖိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကင်းထောက်သင်တန်းများအပါအဝင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အခမ်းအနားမှူးသင်တန်း ‎ဖွင့်ပွဲအခမ်းအနားကျင်းပ‎

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အခမ်းအနားမှူးသင်တန်း ‎ဖွင့်ပွဲအခမ်းအနားကျင်းပ‎ နေပြည်တော်၊ မတ် ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအနက်မှ အစည်းအဝေးများ၊ အခမ်းအနားများတွင် လိမ္မာပါးနပ်၍ ဖြတ်ထိုးဉာဏ်၊ အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်သော၊ အသံကြည်လင်ပြတ်သားစွာဖြင့် ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ၊ Multipurpose Hall(ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့သည်။‎ ‎ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအတွင်းရှိ အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့ဌာနအတွင်း ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ပြိုင်ပွဲများ၊ အစည်းအ‌ဝေးများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် အခမ်းအနားမှူးများအဖြစ် တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား ပို့ချပေးမည့် သင်တန်းနည်းပြဆရာမ […]

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

Loading

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ လက်ထောက် အတွင်းဝန်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် မီးသတ်ဦးစီး ဌာန ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။ ဦးစွာ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦများနှင့် အိမ်ရာများကို သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ […]