အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

Loading

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ် ပဲခူး၊ သြဂုတ်လ(၁၅)ရက်။ ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမျိုးသားမီတာ(၈၀၀)၊ အမျိုးသမီး(၂၀၀)နှင့် အမျိုးသားမီတာ(၄၀၀) လက်ဆင့်ကမ်း ယှဉ်ပြိုင်နေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ၊ ဒေသခံ ပြည်သူများက ကြည့်ရှု့အားပေးကြသည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး မီတာ(၁၆၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၅၀၀၀)အပြေးပြိုင်ပွဲ၊ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၁၅။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၃)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၁၄။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)အုပ်စုပတ် လည်ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုး သမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၃)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့ အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က တစ်ဖက် (၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ

Loading

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ ထားဝယ်၊ ဩဂုတ်လ(၁၂)ရက်။ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် အချက်နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကိုကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် လူငယ်များ ဒေသန္တရဗဟုသုတရရှိရေး၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာဖြင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေးအတွက် လူငယ်လေ့လာရေးခရီးစဉ်များကိုလည်း ဖန်တီးပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတိုင်းအနာဂါတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူမှုအရင်းအမြစ်၊ […]

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကျင်းပ ပဲခူး၊ ဩဂုတ်လ(၁၂)ရက်။ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးအားကစားသမားများအား ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍တာလွှတ်ပေးပြီး ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပဲခူးမြို့အဝင် တိုးဂိတ်အလွန် တိုက်ကြီး-ဖောင်ကြီးလမ်းဆုံအထိ အသွား/အပြန် (၁၅)မိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၁၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စက်ဘီးစီးအားကစားဝါသနာရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အတီး/အကအဖွဲ့များကလာရောက်ကြည့်ရှုအားပေးကြပြီးပန်းဝင်သူများအား ပန်းကုံးစွပ်၍ ကြိုဆိုခဲ့ကြသည်။    ဆက်လက်၍ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက “လူငယ်စွမ်းရည်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသားစက်ဘီးစီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားကော်မတီနာယက ဒေါ်စိုးစိုးသက်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲဝင် အဆင့်(၄)မှ အဆင့်(၂၀)အထိ ဆုရရှိသူများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip အား ကြည့်ရှုကြပြီး “လူငယ်စွမ်းရည်”တေးသီချင်းဖြင့် ဖျော်ဖြေပေးသည့် ပဲခူးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် Fitness Dance သရုပ်ပြသသော သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာနှင့်ပတ်သက်သည့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ ဆောင်းပါးနှင့် စာစီစာကုံးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ

Loading

ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ ဘားအံ၊ ဩဂုတ်လ(၁၃)ရက်။ ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအားပေးဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာပြက္ခဒိန်ရေးဆွဲပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ရက်သတ္တပတ်လှုပ်ရှားမှုများ စသည့်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင် ကြိုးစားကြပြီး […]

၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်ဇနီး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်နှင့်ဇနီး ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၂)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စု ပတ်လည် ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၇)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးက ချင်းပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက် (၉)နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ […]

အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲတွင်ရွှေ နှစ်ခု ၊ငွေ နှစ်ခု ဆွတ်ခူးရရှိခဲ့ သောမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

အာရှကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲတွင်ရွှေ နှစ်ခု ၊ငွေ နှစ်ခု ဆွတ်ခူးရရှိခဲ့ သောမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ သြဂုတ်လ ၁၂ရက်။ အင်ဒိုနီးရှားနိုင်ငံ၊ဘာတန်ကျွန်းတွင် သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်း(အုပ်ချုပ်သူ) ဦးဆောင်၍ (ဒိုင်)တစ်ဦး (နည်းပြ)တစ်ဦးနှင့် ကစားသမား ခုနှစ်ဦးပါဝင်သောနိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရမြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၃ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ၊ အတွင်းရေးမှူးဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦး ကျော်မင်းသန်းနှင့် တာဝန်ရှိသူများ ၊ […]