၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အားကစားပြိုင်ပွဲ၏ နဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ
ရန်ကုန်၊ ဩဂုတ်လ(၆)ရက်။
တရုတ်နိုင်ငံ၊ ချန်ဒူးမြို့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့မှ (၁၇)ရက်နေ့ အထိ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ နဂါးလှေလှော်ပြိုင်ပွဲ (2025 World Games Dragon Boat) ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းအုပ်ချုပ်သူအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးသက်လွင်၊ တရုတ်စကားပြန်(၁)ဦး၊ အမျိုးသား/ အမျိုးသမီးနည်းပြ (၂)ဦး ၊ အမျိုးသားအားကစားသမား (၆)ဦး၊ အမျိုးသမီး အားကစားသမား(၆)ဦး၊ စုစုပေါင်း(၁၇)ဦး တို့သည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။


