အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပဲခူးတက္ကသိုလ်ကျောင်းသား/ကျောင်းသူလေးများမှ “ လူငယ်စွမ်းရည်” တေးသီချင်းဖြင့် ဖျော်ဖြေကာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်းက အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမျိုးသား တာဝေးအပြေးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကိုချီးမြှင့်ပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် အမျိုးသား၊ အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲတွင် အဆင့် ၄ မှ အဆင့် ၃၀ ထိရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုများ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများကပေးအပ်ချီးမြှင့်ကြပြီး

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်စန္ဒာထွေးတို့က ချီးမြှင့်ပေးအပ်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဥပဒေချုပ်ဦးခင်မောင်တင့်က ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုး‌အောင်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မှတ်တမ်း Video Clip အား ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှု့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အေရိုးဗစ် သင်တန်းသူလေးများမှ သရုပ်ပြသပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေပေးသော ပဲခူးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများနှင့် အေရိုးဗစ်သရုပ်ပြသသော သင်တန်းသူလေးများအား ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြသထားသောပြခန်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်းသတင်းရရှိသည်။